စောစော အိပ်ဖို့ မျက်လုံးများကို မှိတ်ထားလိုက်သော်လည်း လွယ်လွယ်နဲ့အိပ်မပျော်နိုင်ဖြစ်နေရသည် ၊ မနက်ဖြန် သူတို့ နှစ်ယောက် ရဲ့ ပထမဆုံး date လုပ် ကြမှာလေ ။
အတွေးနဲ့တင် ရင်ခုန် စိတ်လှုပ်ရှားနေခဲ့ရသည် ။
တတောက်တောက် မြည်တီးနေသော နံရံကပ်နာရီကို လှမ်းကြည့်ပြီး ဆုတောင်းနေမိသည်က -

" အချိန်တွေ မြန်မြန် ကုန်သွားပါတော့ ! "

💫💫💫💫 

            အပေါ်ထပ် အခန်းမှ အလျင်စလို ပြေးထွက်လာသော ဂျီမင်းကို ဂျီယွန်း လှမ်းကာ တားလိုက် ၏ ။

ဂျီမင်း - " ဘာလို့လဲ ဂျီယွန်းရဲ့
ဂျောင်ကုက လမ်းထိပ်မှာ ရောက်နေတာကြာပြီ "

          ဂျီယွန်းက သူ့အား ပိုတတ်ရန်ရော ဆိုသော မျက်နှာပေးဖြင့် မျက်စောင်းထိုးကာ လက်ထဲသို့ အဝါရောင် ထမင်းဗူးလေးထိုးပေးလေသည် ။

ဂျီမင်း - " ဒါက ဘာလဲ ?"

ဂျီယွန်း - " နေ့လည်စာ ထမင်းဗူးလေ
ညီမလေး ဝီလျံအတွက် လုပ်ရင်း ကိုကိုတို့ အတွက်ပါ ပိုလုပ်ပေးထားတာ "

           ဂျီမင်းတစ်ယောက် အံ့ဩမှင်သက်သွားပြီးနောက် မျက်ဝန်းများ တောက်ပလျက် သူ့ညီမလေးရဲ့ ဂရုစိုက်ပေးမှုအပေါ် ကျေနပ်ကာ ပြုံးဖြီးသွားတော့သည် ။

ငါ့ညီမလေးက ဒါတွေပါ လုပ်တတ်နေ‌ပြီပေါ့ !

ဂျီမင်း - " အိုက်ဂူး ~~ ကိုကို့ ညီမလေးက တော်လိုက်တာ ဒီကိုကိုတော့ဖြင့် လက်ဆောင် ဝယ်ပေးဦးမှပဲ "

            ပြောပြောဆိုဆိုဖြင့် ဂျီယွန်း၏ နဖူးကိုနမ်းကာ ခေါင်းကို ပွတ်သပ်ပေးလေ၏ ။
ပြီးနောက်မှာတော့ ချစ်ညီမ လေးကို နှုတ်ဆက်ပြီး လမ်းထိပ် ကားမှတ်တိုင်သို့ အပြေးအလွှား ရောက်လာခဲ့တော့သည် ။

" ညီ ! "

            အပြာရင့်ရောင် ဂျင်းရှပ်နှင့် အနက်ရောင် ပန့်တ်လေးကို ရိုးရှင်းစွာ တွဲဝတ်ထားတာတဲ့ သူ၏ ရည်းစားလေးက နေရောင်အောက်မှာ တောက်ပလွန်းလို့ မျက်စိများပင် ကျိန်းမတတ်ပင် !

" ကျွန်တော့်ညီမရဲ့ Crush က Gay တဲ့ ! " Where stories live. Discover now