>> ငါကလည်း အကို့ရဲ့ တစ်ဦးတည်းသော ရည်းစားလေ ~ အကိုရဲ့ ဂရုစိုက်မှုကို နင်တစ်ယောက်တည်း အကုန်ယူနေတာပဲ <<

>> မကျေနပ်ရင် နင်လည်း ကိုကို့ရဲ့ ညီလေး လာလုပ်လိုက်လေ <<

>> .....<<

           တစ်ဖက်မှ အသံတိတ်သွားလေ၏။
ဂျီယွန်းတစ်ယောက် သူ(မ) အနိုင်ရသွားတော့မှ ပျော်ရွှင်စွာပင် အခန်းထဲမှ ပြန်ထွက်သွားလေတော့သည်။

ဂျီမင်းကတော့ဖြင့် စွံ့အသွားရှာသော ဂျောင်ကုကြောင့် အူနှိမ့်ကာ ရယ်နေမိတော့သည် ။

>> ဟားဟား !! ဂျောင်ကု ညီ! <<

>> ပြော <<

မှုန်တေတေဖြင့် ပြန်ဖြေသော ဂျောင်ကု၏ အသံကြောင့် ဂျီမင်း ပိုကာ စချင်သွားတော့သည် ။

>> ဂျီယွန်းပြောသလို အကို့ ညီလေး
လုပ်မလား ?
ဒီ အကိုက ညီလေးကို သေချာ ဂရုစိုက်ကြင်နာပေးမှာပါ <<

>> မနက်ဖြန်မှ တွေ့မယ် အခု‌အိပ်တော့ ! <<

            စောင့်အောင်စော အသံဖြင့် ပြောလာသော ဂျောင်ကုအသံကို ကြားလိုက်ရတဲ့အခါ ဂျီမင်း တကယ်ကို အူတက်နေပြီ ဖြစ်သည်။

ဒီကောင်လေးက ထိုစကားကြောင့် တကယ်ပဲ စိတ်ကောက်သွားပုံရသည်။ 

>> အင်းအင်း ညီလည်း အိပ်တော့နော် <<

>> ဟုတ် .... ပြီးတော့ ကျွန်တော့်ကို အိပ်မက်ထဲ ထည့်မက်နော် !
......... ဒါက တောင်းဆိုတာပါ <<

            ‌စိတ်ဆိုးနေသေးပုံပေါ်သော်လည်း ထိုကောင်လေး က ' တောင်းဆိုတာပါ ' ဆိုသော စကားလေးမှာ လေသံလေး ဖျော့ ကာ ဆိုလာတဲ့ အခါ ဂျီမင်း၏ နှလုံးသားလေးမှာ အရည်ပျော်ကျသွားရတော့သည် ။

မနက်ဖြန် တွေ့တဲ့အခါကျရင်တော့ ထိုကလေးကို ပြန်ချော့ရမည် '

&quot; ကျွန်တော့်ညီမရဲ့ Crush က Gay တဲ့ ! &quot; Where stories live. Discover now