"ဟားဟား တကယ့်ကလေးလေး "

လွန်း မောင်ရဲ့အမူအရာလေးကို
သဘောတကျရယ်ကာ
နောက်ကိုအသာလေးလှည့်ရင်း
မောင့်ကို ရင်ခွင်ထဲမှီစေကာ
ကျောလေးကို သပ်ပေးရင်း
နှာဖူးလေးကို အနမ်းခြွေတော့
မောင်သည် ပိုတိုးလို့
ဖက်ထားစဲ

စားပွဲပေါ်က နာရီကြည့်တော့ အချိန်က
၇နာရီကျော်ကျော်
သားတို့ကျောင်းက ၉နာရီမှ
အွန်း အချိန်ရပါသေးတယ်လေ။

မောင့်ကို ဒီအတိုင်း ဆက်အိပ်နေရင်
ဇာတ်နာမှာ စိုးတာကြောင့်
ပါးလေးကို လက်ကလေးနဲ့ဖွဖွပွတ်ကာ
နိုးလိုက်သည်။
မောင်သည် သူ့ကို ကလေးလေးတွေလို
အလိုလိုက်ရင်
အရမ်း သဘောကျသည်မလား။

"မောင် အိပ်ချင်သေးရင်
အခန်းပြန်လေ အချိန်ရပါသေးတယ်
တော်ကြာ အိပ်ရေးမဝရင် ခေါင်းအုံနေမယ်
သွားအိပ် "

"အိပ်ဘူး '

"အရေးကြီး ကိစ္စရှိလို့လားမောင်
အစောကြီးထတာ"

လွန်းရဲ့အပြောအား
မောင်သည် ကြောင်ပေါက်လေးတွေ ခုမှယမျက်စိစဖွင့်သလို မျက်လုံးစင်းလေးနဲ့
ပြန်ဖြေသည်က

"မောင်က ကိုကိုအနားမှာရှိလို့မအိပ်တော့တာ"တယ့်

တကယ်လည်း ရိုင်း အိပ်နေရာက
အနားကနေ ကိုကိုထသွားတာနဲ့ နိုးလာခြင်းပင်
အိပ်ချင်ပေမယ့်
ဘယ်လိုမှ ဆက်မမှိတ်နိုင်တော့တယ့်
မျက်ဝန်းတို့ကြောင့်
သူ့ရဲ့ နှလုံးသားလေးရှိရာကိုသာ
ထွက်လာခဲ့ခြင်းသာ။

လွန်းသည်လည်း ပြောနေရင်းကနေ
ပြန်ငိုက်သွားတယ့် မောင်ကြောင့်
မန်ုးဖြစ်တော့
ကိုယ့်ကလေးလေး အိပ်ပါစေလေ။

မနက်ပိုင်းအစောမှာ
လွန်းသုထက်ကို ကပ်ချွဲနေတယ့်ကောင်လေးကြောင့်
လွန်းလည်း မတွန်းလှန်နိုင်စွာ
ထိုအတိုင်းနေနေမိတာကြောင့်
အချိန်အချို့ကြာကာ
သားတို့ကိုပင် နိုးဖို့နောက်ကျသွားခဲ့သည်။

အချိန်အားဖြင့် ၈နာရီ၁၀မိနစ်
လွန်းမောင့်ကို မနိုးလို့မရတော့
မောင် ဖိထားတယ့် လက်တစ်ဖက်ကလည်း
ကျဥ်နေပြီ။

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now