part 19

370 59 3
                                    

For zgy

BAL 19

"Om  Omma "

အနည်းငယ်တုန်လှုပ်နေတဲ့အသံကို ထိန်းပေမယ့် အရာမရောက်လိုက်။

"သား စာရွက်မလား "

"ဟု ဟုတ် Omma"

"ဘာဖြစ်လို့လဲ တခုခုမြင်လိုက်လို့လား "

"မဟုတ်ဘူး"

အလောတကြီးငြင်းသံဟာ အားပါတာမို့ အလန့်တကြား။ Omma မျက်နှာမှာ ခပ်ရေး​ရေးအပြုံးတစ်ခု။

"အသက်ရှင်ချင်လား "

ကျွန်တော် ခေါင်းကိုအခါခါညိမ့်ကာ စကားလုံးတွေတောင် ထွက်မလာခဲ့။ ထွက်မလာနိုင်တာ ဖြစ်လိမ့်မည်။ လည်ချောင်းတစ်လျှောက် ပူလောင် တစ်ဆို့နေကာ ကိုယ်ကို သေးသည်ထက်သေးအောင် ကျုံ့ထိုင်နေမိသည်။ စကားတစ်ခုခုမှားတာနဲ့ သေဒဏ်ကျတော့မယ့် အပြစ်သားလို။ Baekhyun ခေါင်းကို တွင်တွင်ငုံ့ကာ ကြမ်းပြင်ကို အကြည့်တွေပို့ထားပေမယ့် အခုထိ မဆေးကြောရသေးတဲ့ omma လက်ချောင်းတွေက Baekhyun ဆီလှမ်းလာနေတယ်။ အလန့်တကြား နောက်ကို တိုးဆုတ်မိတော့ omma က လက်ကိုပြန်ရုပ်သွားပြီးပြောတယ်။

"ဒါဆို မာမီ စကားနားထောင်ရမယ်
ခိုင်းတဲ့အတိုင်း လုပ်ရမယ် နားလည်လား Blade"

"Blade??"

နားမလည်နိုင်တဲ့ မျက်ဝန်းလေးတွေ မာမီ့ဆီရောက်မှ မာမီက

"အင်း ...
ပါးလပ်သော ထက်မြက်သော
အန္တရယ်များသော ပြီးတော့ အဓိက က လူကို သေစေနိုင်တယ်လေ ။
သေးငယ်ပေမယ့် သူ့ကို ထိတာနဲ့ အနာတရ ဖြစ်စေနိုင်တယ့် ဓားလေး ။
အခုကစပြီး Byun Baekhyun ဆိုတာကို မေ့လိုက်တော့။
မင်းနာမည် အခုက စပြီး Blade နားလည်လား "

တစ်ချို့အရာတွေကို နာလည်ပေမယ့် တစ်ချို့စကားလုံးတွေကို ကလေးငယ်တစ်ယောက်ဟာ နားလည်နိုင်စွမ်းမရှိသေးဘူး။ ဒါပေမယ့်လဲ အခုချိန်မှာ Baekhyun ခေါင်းညိမ့်နေယုံကလွဲ ဘာမှမတတ်နိုင်ဘူး။

"ဟုတ်"

"ဒါနဲ့ အဆင့်တစ်ရတာ ဂုဏ်ယူတယ် Blade"

"ဟုတ် ကျေးဇူးတင်ပါတယ် မာမီ"

"အင်း တော်တယ်"

Born A Life(complete)حيث تعيش القصص. اكتشف الآن