part 13

392 67 2
                                    

For zgy

BAL 13

မိဘမဲ့ဂေဟာ တစ်ခုရဲ့ ခုံတန်းလေးမှာ ကောင်လေးတစ်ယောက် ငြိမ်သက်စွာ ထိုင်နေခဲ့သည်။ ခနလေးနေတော့ ထိုကောင်လေးဟာ ကားလမ်းမဘက်ဆီ ကမူရှူးထိုးပြေးထွက်သွားလေးသည်။ ခုံတန်းလေးပေါ်မှာတော့ နိုင်ငံခြားဖြစ်ချောကလက် လေးတစ်ခု။

"သခင်လေး
ဘယ်သွားမလို့လဲ ကျွန်တော် .."

ကိုယ်ရံတော် ဉီးလေးကြီးကို တိုးတိုက်ထွက်သွားကာ ထိုကောင်လေးရဲ့ ဉီးတည်ရာဟာ အဝေးပြေးလမ်းမဆီသို့။ အတန်ကြာပြေးပြီးနောက်မှာတော့ ကောင်လေးဟာ အတော်မောသွားဟန် လမ်းလည်ခေါင်မှာပင် ထိုင်ချလိုက်လေတော့သည်။ နိမ့်လိုက်မြင့်လိုက်ရင်အစုံဟာ ဘယ်လောက်ထိမောနေမှန်း မှန်းလို့ရနိုင်သည်။ နဖူးဆံစနားကနေ ချွေးစတို့ စီးကျနေတဲ့ကောင်လေးဟာ ခပ်လှမ်းလှမ်းက ကနေရာလေးဆီ လေးကန်မောပန်းနေတဲ့ ခြေအစုံနဲ့ အားစိုက်လျှောက်လှမ်းနေခဲ့တယ်။

ထိုနေရာလေးမှာတော့ အနည်းငယ်ကြိုးပဲ့နေတဲ့ လေစကြာလေးဟာ အဖော်မဲ့စွာ။

Born A Life 13

ရဲစခန်းတစ်ခု တွင်ဖြစ်သည်။ အမျိုးသားတစ်ဉီးနဲ့ ချာတိတ်မလေးတစ်ဉီးဟာ အချေအတင်စကားများနေကြသည်။ ရှေ့ကထိုင်နေကြသော တာဝန်ကျ ရဲတွေဟာ နားမလည်နိုင်သလို ကြည့်နေကြပေမယ့် ကောင်မလေးကတော့ သာလိကာလေးလို တတွတ်တွတ်ပြောကာ စိတ်ဆိုးနေလေသည်။

"မီရာ မလာသေးဘူးလား.."

ရဲတစ်ယောက်ရဲ့ မေးသံဖြစ်သည်။ မီရာဆိုသည်မှာ ရဲစခန်းက အင်္ဂလိပ်စကားအကျွမ်းဆုံးတစ်ယောက်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဘာတစ်ခုမှ ဝင်ပြောခြင်းမရှိတဲ့ ရဲသားတွေကို လက်ပိုက်လို့။

ဘိုယောင်းစိတ်ညစ်လာရသည်။ အင်္ဂလိပ်စကားတတ်တဲ့ မီရာဆိုတဲ့တစ်ယောက်က ဘယ်ချိန်မှ ရောက်မလဲ မသိ။ ရဲတွေကိုလဲ အကျိုးအကြောင်းပြောပြထားပေမယ့် ရှေ့က ချာတိတ်မကလဲ ဘာတွေဒေါသထွက် နေမှန်းမသိ။ ကိုယ်က သူ့hotel မပြန်တတ်ဘူးဆိုလို့လဲ ကူညီပေးရသေးသည်။ အခုထိသူလဲ ပြန်ခွင့်မရသေး။

" ဟေး မီရာ အမြန်လာ ဒီမှါ ငါတို့နားတွေလဲ ပွင့်ထွက်တော့မယ် "

Born A Life(complete)Where stories live. Discover now