“အဲ့တာတွေကို မကြည့်နဲ့တော့..”

ပြောပြောဆိုဆိုနဲ့ ရင်းဆုယဲ့ရဲ့ လက်တစ်ဖက်က ရွှယ်ယို့ရှန်းရဲ့ မျက်လုံးတွေကို ဖုံးကွယ်ပစ်လိုက်ပြီး ကျန်လက်တစ်ဖက်နဲ့ ရွှယ်ယို့ရှန်းကို မရေမတွက်နိုင်တဲ့ အလောင်းတွေ၊‌ သွေးကွက်တွေကို ရှောင်တိမ်းရင်း တောအုပ်အပြင်ဘက်အထိ ခေါ်ထုတ်သွားခဲ့တယ်။

(TN: စာရေးဆရာ ညွှန်းထားတာကတော့ ရင်ခွင်ထဲပွေ့ထားပြီး လက်တစ်ဖက်ကခါးကိုဖက်၊ ကျန်လက်တစ်ဖက်က မျက်လုံးကိုပိတ်ပြီး ခေါ်ဆောင်သွားတာပါတဲ့၊ နိဂုံးချုပ်ရရင် ခွေးစာပါ HaHa)

“အမ်း..” ရွှယ်ယို့ရှန်းလည်း ရင်းဆုယဲ့ကို မငြင်းဆန်ခဲ့ဘူး။ ဒီလိုနေရာမျိုးမှာ တစ်စုံတစ်ယောက်အပေါ် အပြည့်အဝ မှီခိုအားထားလို့ရတာက သူ့ကို စိတ်သက်သာရာရစေတယ်လေ။

သူ့ရဲ့မျက်လုံးတွေကို ရင်းဆုယဲ့ရဲ့ လက်ဖဝါးကြီးက ကွယ်ထားတော့ ရွှယ်ယို့ရှန်းလည်း နေရခက်လာပြီး မျက်တောင်ခတ်လိုက်မိတယ်။ သူ့ရဲ့ မျက်တောင်ရှည်ကြီးတွေက ရင်းဆုယဲ့ရဲ့ လက်ဖဝါးပြင်ကို ပွတ်သပ်လိုက်သလို ဖြစ်သွားပြီး လက်ချောင်းလေးတွေက အမှုမဲ့အမှတ်မဲ့ ပွင့်ဟသွားခဲ့တယ်။

ရင်းဆုယဲ့ရဲ့ လက်ချောင်းကြားကနေ ရွှယ်ယို့ရှန်းလည်း ပြင်ပအခြေအနေကို ဖြတ်ခနဲ မြင်လိုက်ရလေတယ်။ ပထမဆုံး မြင်လိုက်ရတာက သူတို့ထွက်မသွားခင် ရင်းဆုယဲ့က နောက်လှည့်ပြီး ဝံပုလွေအသေတစ်ကောင်ကို သိုလှောင်လက်စွပ်ထဲ ထည့်ပစ်လိုက်တာပဲ။

ထိုအခိုက်အတန့်မှာ အသက်ခံရတဲ့လူ.. အာ.. မဟုတ်သေးပါဘူး၊ အသတ်ခံထားရတဲ့ အကောင်တွေကို မြင်လိုက်ရပြီး ရွှယ်ယို့ရှန်း ခံစားနေရတဲ့ ထိတ်လန့်မှုတွေအားလုံး ပျောက်ကွယ်သွားခဲ့တယ်။ ကျန်ခဲ့တာကတော့ ကူကယ်ရာမဲ့နေတဲ့ ခံစားချက်ပဲ။

ရင်းဆုယဲ့က ဝံပုလွေအသားကင်နဲ့ ပက်သက်ပြီး ဘာလို့ ဒီလောက်ဇွဲကောင်းနေရတာလဲဟ..?

…………………………………….

Zawgyi

ရွှယ်ယို့ရှန်းရဲ့ စိုးရိမ်ပူပန်မှုကို ရင်းဆုယဲ့က လျစ်လျူရှုလိုက်ပြီး သိုလှောက်လက်စွပ်ထဲမှ အေးစက်စက် အလင်းတန်းတွေ ယှက်ဖြာနေတဲ့ ဓားရှည်တစ်ချောင်းကို ဆွဲထုတ်လိုက်တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Donde viven las historias. Descúbrelo ahora