Ep2 zawzi+uni

2K 209 0
                                    

Zawzi
သီရိမေသည် ဗညားသီဟ ရဲ့ ဦးခေါင်းကို ပိတ်စအမဲဖြင့်ထုတ်ပိုးလိုက်သည်

ရွှေဇင်အမတ်ကြီးကတော့ စိတ်မကောင်းရုံကလွဲပီး ဘာ့မှမလုပ်နိုင်ပေ

ပြည်မှာ ခနနားပီး ဒဏ်ရာရသော တပ်သားများကို ဆေးကုပေးရန် တပ်ဆေးသမားတော်များပြင်ဆင်နေကြသည်

ထိုစဉ် ~~~

"ဒီမှာရှင့်"
ဘယ်ကလာမှန်းမသိတဲ့ အသံချိုချိုလေး ကို မျက်စိတစ်ချက်ဝှေ့ပီးကျိလိုက်သည်

*လှပါပေတယ် အပြစ်ကင်းစင်တဲ့ အပြုံး ဖြူ စင်လွန်းတဲ့ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ လှရက်ပါပေတယ်*

"ဒီက စစ်သူကြီးက လက်မှာ ဒဏ်ရာ ရထားတယ်
သိပ်မနက်ပင်မဲ့ အသင့် ကိုယ်က ဖြူ ရော်ရော်လေးပဲ ရှိတော့တာမလို့ ဂရုစိုက်သင့်ပါပေတယ်"

သီရိမေ၏ခန္စာကိုယ်က မိန်းခလေးမို့ ဖြူရော်ရော်လေးပင် အားနဲသည်ဟုထင်ရပေသည် စစ်ဝတ်ချပ်ကာတို့ဖြင့်ဖုံးအုပ်ထားသည်မို့ တစ်ဖက်လူက မိန်းခလေးလို့မမြင်ပေ အားနည်းနေသည့် ဒဏ်ရာ ရထားသည့်သူလို့သာမြင်သည်ထင်၏ လက်ကဒဏ်ရာသည်လဲ မပြောပလောက် ဘယ်တုန်းက ရသွားလဲတောင် မိမိကိုယ် မိမိ မသိပေ
ဒင်းအရှေ့ရောက်သွားမှ ရဲ့ရင့်လှသည့်ကျားကြီးမှ ယုန်သငယ်လေးအသွင်သို့ ပြောင်းလဲသွားလေသည်

"အကျွန်နုပ်ဆေးထဲ့ ပေးမှာမလို့ အသင့်လက်လေး ခနလောက်ကမ်းပေးပါ"

တည်တည်ငြိမ်ငြိမ်လေး ပြောနေတာတောင်ချိုမြိန်နေသယောင်

သီရိမေ-"ကောင်းပါပြီ"

သီရိမေ-"အကျွန်နုပ်စစ်ပွဲများစွာတိုက်လာတာ အရင်က အသင့်ကို ဒီမှာ မတွေ့ဖူးပါ အသင် က ဘယ်ကနည်း"

"အကျွန်နုပ် သမားတော် စဖစ်တာ သိပ်မကြာသေးပါ ဒါနဲ့ အသင်က ခန္ဓာကိုယ်တင် မိန်းခလေး သဖွယ် ဖစ်တာမဟုတ် အသံသည် လည်း မိန်းခလေး လိုဖြစ်နေပါရောလား စစ်ပွဲထဲတွင် အသင်ဘယ်လိုတိုက်လာလဲ အကျွန်နုပ် မတွေးတက်" ဟု ရီပြီးပြောလိုက်တော့

ရဲ့ရင့်လှသော သီရိမေ တစ်ယောက် ဒီသမားတော်ရှေ့မှောက်ရောက်မှ ငိုချင်သလိုပင်ဖစ်လာသည်

အမိန့်တော်Where stories live. Discover now