" အေးကွယ် ကောင်းလေစွ ငါကိုယ်တော်မြတ် သေချာအချိန်ယူပီး စဉ်းစားရမဲ့အရေးကွဲ့"

ထို့နောက် လက်ယာအမတ်ကြီးက

"မှန်ပါ့ ဘုရား ကျွန်တော်မျိုးကတော့ အိမ်ရှေ့စံအရိုက်အရာကိုအရှင့်သားနဲ့ပို့သင့်တော်တယ်လို့ထင်မိပါတယ် ဘုရား"

"ဆိုစမ်းပါအူံးကွဲ့ "
" မုန်ပါ့ ဘုရား အိမ်ရှေ့စံ ဆိုတာ တစ်ချိန် ဒီရွှေဘိုပြည်ကြီးကို အုပ်ချုပ်မဲ့သူ ဖြစ်မှာပါ ဘုရား ဒါကြောင့် ဘုရင့် မျိုးဆက်အတွက်လဲ အရေးကြီးသလို တိုင်းပြည်အတွက် အရေးကြီးနေပါတယ် ဘုရား သေသေချာချာစဉ်းစားသုံးသပ်တော်မူပါ ဘုရား"

(လက်ယာအမတ်ကြီးပြောချင်တာက မင်းသမီးက မိန်းမသားမလို့ တိုင်းပြည်မျိုးဆက်အတွက် ဒုက္ခရောက်စေမယ်လို့ဆိုတာပါနော်)

"သင့်တော်ပါပေတယ် လက်ယာအမတ်ကြီး ကဲ ညီလာခံသိမ်းစေ"

မှူးမတ်များ - " မှန်ပါ့ ဘုရား "

........................................................................
နောက်တစ်နေ့ညနေခင်းတွင် မင်းကြီးသည် နန်းမွေကိစ္စဆွေးနွေးရန်သားတော်နှင့် သမီးတော် ၂ပါးလုံးကို အခေါ်တော်ပါးလိုက်သည်

ကုသလာ-" ခမည်းတော် သားတော်တို့ကို အခေါ်တော်ပါးလိုက်တယ်ဆိုလို့ပါ "

သီရိမေ-" ခမည်းတော် ဘာမိန့်စရာများ ရှိလို့ပါလဲ"

မင်းကြီး-" အေးကွယ် ခမည်းတော်က အသက်ကြီးနေပြီ ပီးတော့ နန်းတွင်းထဲမှာပြောနေကြတာတေ ကြားမိသည်လော အိမ်ရှေ့စံအရိုက်အရာကို မည်သူ့ကို ဆက်ခံခိုင်းရမလဲ ဝေခွဲမရ ဖြစ်နေတယ် ကွဲ့ "

ကုသလာ - " မုန်ပါ့ ခမည်းတော် ဒီအရေးက စဉ်းစားစရာ လိုသေးသလော နှမတော်က လက်ရုံးရည်ရော နှလုံးရည်ပါသာလွန်နေပီး ပြည်သူတေကလဲ နှမတော်ကို အိမ်ရှေ့စံ အရာ ဆက်ခံစေချင်နေတဲ့ပုံပါပဲ ခမည်းတော် နှမတော် ကိုအိမ်ရှေ့စံမြှောက်သင့်တယ်လို့ သားတော် ထင်မိပါတယ် "

အမိန့်တော်Where stories live. Discover now