Part-8

605 60 6
                                    

Because of Hydrangea

Ajisai မောင်နှင့်စကားပြောပြီးနောက် အခန်းထဲမှ ထွက်လာခဲ့သည်။ လှေကားထစ်နားရောက်တော့ တောက်ကတစ်ယောက်က ဆွဲဖက်ခြင်းခံလိုက်ရသည်။

"မောင်.....ဘာလုပ်​တာလဲ...."

မောင်အထင်နှင့် Ajisai ပြောလိုက်တော့ အနောက်မှ ခပ်တိုးတိုးရယ်သံတစ်ခုကို ကြားလိုက်ရသည်။ ရေမွှေးအနံက မောင့်ရေမွှေးအနံဟုတ်မနေပါ။ Ajisaiရုန်းလိုက်ပေမယ့် ထိုလူကအားပါပါ ဖက်တွယ်ထားသည်။

"မောင်တဲ့လား.....ယောင်္ကျားယူတာတောင် သားကိုမပြောဘူးနော်....ရေခဲတုံးလေးလေး....."

"လက္ခာဇိုင်းနောင်....."

Ajisaiအား ရေခဲတုံးလေးလေးဟု ခေါ်တတ်သူမှာ လက္ခာဇိုင်းနောင်ပဲရှိသည်။ လက္ခာဇိုင်းနောင်ဟာ AjisaIထက် ၅နှစ်ခန့်ငယ်သူဖြစ်ပြီး မောင်နှင့်ဆိုရွယ်တူဖြစ်သည်။ လက္ခာဇိုင်းနောင်ဟာ Ajisai၏ မအေတူဖအေကွဲ အစ်ကိုSnobရဲ့ တစ်ဦးတည်းသောသားဖြစ်သည်။ ငယ်ငယ်ပေါက်စကတည်းက Ajisaiအေးစက်စက်ဆက်ဆံသည်ကိုပင် အနားမှာကော်ဖြင့်ကပ်ထားသလို လိုက်ကပ်နေတတ်သူလေးဖြစ်သည်။ ဒီကလေးကြောင့် Ajisaiအထီးကျန်အနည်းငယ်တော့ လျော့ပါးခဲ့သည်ဆိုရမည်။ ဒီကလေးကို ခင်ခင်မင်မင်မဆက်ဆံပေမယ့် မုန်းတီးမိခြင်းတော့မရှိပါ။

"ဟုတ်တယ်....ရေခဲတုံးလေးလေးရဲ့ လက္ခာဇိုင်းနောင်ပါခဗျ....."

"သိပြီမို့ ငါ့ကိုလွှတ်တော့..... "

Ajisaiအေးစက်စက်ပင်ဆိုလိုက်သည်။ လက္ခယဇိုင်းနောင် အလိုမရသက်ပြင်းချသံကိုလည်း ကြားလိုက်ရသည်။

"ဟွန့်.....ခုနှစ်လောက်ခွဲခဲ့ရတဲ့ တူချောလေးကို ဒီလိုအေးစက်စက်မဆက်ဆံသင့်ဘူးနော်...."

လက္ခာဇိုင်းနောင် အထက်တန်းပြီးလို့ ၁၆နှစ်အရွယ်မှာ နိုင်ငံခြားကိုပညာတော်သင်ပို့ခဲ့ခြင်းဖြစ်သည်။ Ajisai လက္ခာဇိုင်းနောင်၏ လက်များကိုဆဲဲဖုတ်ဖို့ ပြင်နေချိန်မှာပဲ ရုတ်တရက်ခြေသံပြင်းပြင့းကြားလိုက်ရသည်။ လက္ခါဇိုင်းနောင်လက်များလည်း ပြေလျော့သွားသည်။ Ajisaiလှည့်ကြည့်လိုက်တော့ လက္ခာဇိုင်းနောင်က ကြမ်းခင်းကောဇောပေါ် ထိုင်နေရက် ကျနေပြီး မောင်ရဲ့ခပ်မာမာလေသံပါထွက်ပေါ်လာသည်။ မောင်မျက်နာဟာအတော်လေးဒေါသထွက်နေဟန်ရှိသည်။
Ajisaiအမြန်ပင်တားလိုက်ကာ နှစ်ဦးစလုံးကို ဒုတိယထပ်ရဲ့ လေသာဆောင်ကိုခေါ်လာခဲ့လိုက်သည်။ လက္ခာဇိုင်းနောင် ပါးစပ်နယးကဒဏ်ရာကို အိမ်အကူမလေးတစ်ယောက်က ဆေးထည့်ပေးနေသည်။ Ajisaiမောင့်ကို အကြောင်းသင့်သေချာရှင်းပြလိုက်ရသည်။ ထိုအခါမှ မောင်မျက်နာပြေလျော့သွားတော့သည်။ သို့သော်သက်တူရွယ်တူတွေမို့ အချင်းချင်းဘုနဲ့ဘောက်ကြည့်နေကြဆဲဖြစ်သည်။
(တစ်ချို့စကားပြောတွေက ရှေ့အပိုင်းမှာ ပါပြီးသားမို့ မထည့်လိုက်ဘူးနော်)

Because of Hydrangea(BL)Where stories live. Discover now