🚨Part-4🚨

2K 76 15
                                        

Unicode

Because of Hyrangea🚨🚨

အပိုင်း၄

Gongနှင့်Ajisaiတို့ ပွဲစီစဥ်သူအား နူတ်ဆက်ကာ ပြန်ဖို့အတွက် လူကြားထဲတွင်စကားပြောနေသော ပွဲစီစဥ်သူစီ သွားလိုက်ကြသည်။ ပွဲစီစဥ်သူအဖိုးကြီးမှာ နိုင်ငံရေးလောကနှင့် စီးပွါးရေးလောကတွေ အရေးပါအရာရောက်သူဖြစ်သည်။  အဂျီစိုင်တို့ အဖိုးကြီးဆီ ရောက်တော့ အဂျီ စိုင်၏ဖအေတူမအေကွဲ အစ်မတို့ဇနီးမောင်နှံကပါ ထိုစကားဝိုင်းထဲ ရောက်နှင့်နေပြီဖြစ်သည်။ အဂျီစိုင် သူတို့နဲ့မဆုံချင်ပေမယ့် အဖိုးကြီးနူတ်ဆက်ပြီးမှ ပြန်သင့်သည်မို့ ထိုစကားဝိုင်းထဲ စကားဖြတ်ကာဝင်လိုက်သည်။

"အန်ကယ်ကျော်.....အဂျီတို့ပြန်တော့မယ်နော်...."

ဝဝတုတ်တုတ်ဗိုက်ရွှဲရွှဲနှင့် အန်ကယ်ကျော်ဟာ အဂျီစိုင်တို့ဇနီးမောင်နှံအား လှည့်ကြည့်လာလေသည်။ ပြီးနောက်အဂျီစိုင်အား ဦးတည်ကာ ဆိုလိုက်လေသည်။

"အဂျီရေ.....ပြန်တော့မလို့လားကွ....ဘာလဲမင်းယောက်ျားနဲ့ အိပ်ရတာမဝလို့လား...."

"ဟားးးး....ဟားးး...."

စကားဝိုင်းတစ်ခုလို အန်ကယ်ကျော်ရဲ့စကားကြောင့် ရယ်ပွဲကျကုန်သည်။ အဂျီစိုင်နှင့်ဂုန်း(Gongက ဂုန်းလား၊ကုန်းလား၊ဂွန်းလား) နှစ်သားရယ်မောခြင်းမရှိပါ။ အဂျီစိုင်ဟာအေးစက်စွာ ရပ်နေနိုင်ပေမယ့် သွေးဆူလွယ်သောဂုန်းက ရပ်မနေနိုင်ပါ။

"အိပ်ရာပေါ်မှာအိပ်တာကတော့ လက်ထက်ပြီးတဲ့ အတွဲတိုင်းအိပ်တတ်ပါတယ်ဗျ.....ကျွန်တော်နဲ့အဂျီနဲ့က တစ်ချို့တွေလို ကိုယ်အိမ်ထောင်ဖက်ထက်မကတဲ့ များစွာသောအိပ်ဖော်အိပ်ဖက်တွေ မရှိပါဘူးဗျာ.....ဟားးးးးး ဟားးးး ဟ....."

ဒီတစ်ခါတော့ Gong(ဂုန်း)စကားကြောင့် အားလုံးဟာတိတ်ဆိတ်သွားပေမယ့် Gongကတော့ရယ်မောနေတော့သည်။ ဟန်ဆောင်ရယ်မောခြင်းမို့ Gongရဲ့ပါးစပ်ကသာ ကျယ်လောင်စွာရယ်နေပေမယ့် မျက်လုံးကတော့ စူးရှပြီးကြောက်စရာကောင်းနေသည်။ အဂျီစိုင်(Ajisai) အခြေအနေစိုးလာမည် စိုးတာကြောင့် မောင့်လက်ကိုဆုတ်ကိုင်ကာ တားလိုက်ရသည်။ ထိုစဥ် Ajisai အစ်မLynxက Ajisaiအား ဝိုင်တစ်ခွက်ကမ်းပေးလာသည်။

Because of Hydrangea(BL)Where stories live. Discover now