Chapter-37(နောက်ကွယ်ကဖြစ်ရပ်များ-1)

Start from the beginning
                                    

ထိုနောက်မှာတော့ ဟန်စုမင်ဟာ ကားထဲကနေထွက်လာသည့်လော့ရှန်ဟွာတွေ့လိုက်ရတာကြောင့် သူရဲ့အမူအရာကို သနားစရာအသွင်ပြောင်းလဲကာ လော့အိမ်တော်ရဲ့ကားနားသွားကာ

"ရှန်ဟွာ..." လို့ အသံတိုးတိုးလေးဖြင့် ခေါ်လိုက်ပြီး သူရဲ့အမူအရာကိုပါ အသနားစရာကောင်းကာ အထိအခိုက်လွယ်သည့်ကြာပန်းလေးနှယ် ဟန်ဆောင်ပြုမူနေတော့သည်။

အားလုံးဟာလည်း လော့ရှန်ဟွာနဲ့ဟန်စုမင် ထိပ်တိုက်ထပ်တွေ့သည်ကို မြင်တော့ ဖုန်းတွေထုတ်ကာ မှတ်တမ်းတင်ရင် အဆင့်အသင့်လုပ်ထားကျတော့သည်။

လောရှန်ဟွာဟာလည်း ကားထဲကနေ ထွက်လာချင်းချင်း စိတ်ပျက်စရာကောင်းသည့်သူကို မြင်လိုက်ရတာကြောင့် ခုနက ကြည်နူးနေသည့်စိတ်တွေပင် ပျောက်ပျက်သွားတော့သည်။

'ဒီတစ်ယောက် ဘာလာသရုပ်ဆောင်ပြန်ပြီလဲ'

"ရှန်ဟွာ... ငါတောင်းပန်ပါတယ် မ​နေ့က ဖုန်းဆက်ကြည့်တော့ မင်းဖုန်းက ဆက်သွယ်ရေးဧရိယာပြင်ပဖြစ်နေလို့လေ... အဲတာကြောင့် ငါ...ငါ့ကို မင်း တကယ်ပဲ သူငယ်ချင်းအဖြစ် စွန့်ပစ်လိုက်ပြီလား" ဟန်စုမင်ရဲ့နဂိုချိုသည့်အသံဟာ အခုလို ငိုသံနဲ့ရောလိုက်သည့်အခါမှာ တကယ်ကို ကြားရသူတိုင်း ကြေကွဲစေတာအမှန်ပေ၊အစထဲက သူတို့အမြင်မှာလည်း လော့ရှန်ဟွာဘက်က မှားနေသည်ဟု ထင်နေကျတာကြောင့် အခုလို ဟန်စုမင်ဘက်က တောင်းပန်သည့်အခါမှာတော့ အမှားလုပ်တတ်သူက မောက်မာကာ အမှန်တရားဘက်ကရပ်တည်နေတဲ့သူကျတော့ အောက်ကျခံနေရသည်လို့သာ မြင်မိပြီး လော့ရှန်ဟွာပေါ် ပိုမိုစက်ဆုပ်ရွံရှာလာကျတော့သည်။

" မင်းက သူ့သူငယ်ချင်းလား " ကားထဲကနေ ဝိုင်တခွက်ပြင်းရှကာ ဆွဲဆောင်စရာကောင်းသည့်ယောကျာ်းတစ်ယောက်ရဲ့အသံကို ကြားလိုက်ရသည့်ချိန်မှာ ပတ်ဝန်းကျင်တစ်ခွင်လုံးတိတ်ဆိတ်သွားကျ​တော့သည်။

ဟန်စုမင်ကိုယ်တိုင်ကလည်း သူအရမ်းလေးစားရသည့်သူဆီကနေ စကားပြောလာသည့်ချိန်မှာ ဟန်ပင်မဆောင်နိုင်အောင် ပျော်ရွှင်သွားတော့သည်၊ဒါပေမယ့် အမူအရာကို ပြန်လည်ထိန်းသိန်းလိုက်ပြီး

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now