သူ​မျှော်လင့်မိတာသည်မှာ ​ကျောက်ချင်းယွမ်ရဲ့လွှမ်းမှိုးမှု​အောက်တွင် ချင့်ဟွမ်အနည်းငယ်ပိုမိုပွင့်လင်းမြင်သာရှိလာ​စေဖို့ပင်။

ယွီရှင်းမှအ​တွေး​တွေထဲနစ်​မြော​နေစဥ် သူတို့ဟာရိုက်ကွင်း​နေရာရှင်း​လင်း​ရေး​တောင်လုပ်​ဆောင်​နေ​လေပြီ။ထိုသို့မြင်လိုက်ရင် ယွီချင့်ဟွမ်မှာသူအ​ပေါ်ထပ်အားချွတ်လိုက်ပြီး ယွီရှင်းထံကမ်းပေးလိုက်၏။

သူ့ဝတ်စုံအား ​သေ​သေသပ်သပ်ဖြစ်​အောင်လုပ်ယူပြီးသွားတာနဲ့ ယွီချင့်ဟွမ်မှာ ရိုက်ကွင်းနေရာသို့လျှောက်လှမ်းသွားသည်။

လျိုကျားအန့်မှာရောက်လာပြီး ဇာတ်ဝင်ခန်းအားရှင်းပြလာသည်။

"ဒီဇာတ်ဝင်ခန်းရဲ့အဓိက​သော့ချက်က မင်းရဲ့မျက်လုံးအိမ်မှာပဲ..အချိန်​​ရောက်ရင်ငါမင်းကိုအနီးကပ်ရိုက်ချက်တခု​ပေးမယ်..မင်းကသေမင်းတံခါးဝ​ရောက်ချိန်မှာဖြစ်​​ပေါ်တတ်တဲ့
အ​ကြောက်တရားနဲ့​သွေးပျက်ခြောက်ခြားမှုမျိုးကို​ပုံဖော်ပေးရမယ်.."

တ​အောင့်​လောက်ရပ်နေပြီး ယွီချင့်ဟွမ်မှ​ခေါင်းညိတ်ပြလာတာမြင်​ခါမှ သူကဆက်​​ပြောလာ၏။

"ဒါ​ပေမယ့် ဒါမလုံ​လောက်​သေးဘူး.. ရဲ့ရန်းက ​က​​လေးမ​လေးတ​ယောက်ကိုကယ်တင်ရင်းအသက်ဆုံးရှုံးသွားတာဆို​တော့ ​သေခြင်းတရားက​တောင်လွှမ်းမိုးမချုပ်ကိုင်နိုင်တဲ့ ကြည်နူးပီတိတမျိုးကိုလည်းပြသနိုင်ဖို့လို​သေးတယ်"

"ကျွန်​တော်နားလည်ပါပြီ"
ယွီချင့်ဟွမ်မှာအ​တွေးထဲနစ်​မြော​နေသည့်အလား ​ခေါင်းညိတ်ပြလာ၏။

သူဟာလျိုကျားအန့်အား ခုချက်ချင်းစတင်ရန်မ​တောင်းဆို​ပေ။ထိုအစား​ပြောလိုက်သည်။

"ဒါကိုဘယ်လိုပုံ​ဖော်ရမလဲဆိုတာကျွန်​တော်အရင်​တွေး​ကြည့်ပါရ​စေ"

"​ကောင်းပြီ"

​သေခြင်းတရားနှင့်ပတ်သက်လာရင် ယွီချင့်ဟွမ်လောက် ဘယ်သူမှပိုမိုခံစားသိရှိနိုင်မည်မဟုတ်​ပေ။

သို့​ပေမယ့်သေမင်းတခါးဝမှာသွေးပျက်​ခြောက်ခြားရမှုဆိုတာမျိုးကိုတော့ သူတကယ်သ​ဘောမ​ပေါက်​ပေ။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now