*4* ဒါကြီးကဘီယာဗိုက်ဘဲဖြစ်မယ်

Börja om från början
                                    

"ဟုတ်ကဲ့ပါ သခင်လေး.."
လက်သည်ကချက်ချင်းထွက်သွားသည်။

အင်းအစီအရင်ကိုဖျက်ပစ်လိုက်ပြီးနောက် ရုန်ဟွမ်လည်းအခန်းထဲကနေထွက်သွားသည်။

ရုန်ယိ အခန်းပတ်လည်ကိုနောက်တစ်ခေါက်ထပ်ကြည့်လိုက်ပြီး သူ့လက်မောင်းသူဆွဲဆိတ်လိုက်သည်။
"အ...နာတယ်ဟ"

နာတာကိုခံစားရတာကြောင့် သူအိပ်မက်မက်နေတာမဟုတ်မှန်းသိသာသည်။ ဒါပေမဲ့ သူမယုံကြည်နိုင်သေးပေ။
"ငါတစ်ကယ်ဘဲ ဝိညာဥ်ကူးပြောင်းလာတာလား...ဒါပေမဲ့...ငါလုပ်ခဲ့တာက..ချောမောတဲ့ယောက်ျားတစ်ယောက်ပုံကို ကြည့်လိုက်ရုံဘဲလေ..."

တစ်ကယ်တော့ ဝိညာဥ်ကူးပြောင်းလာတာက သူပြန်ရမဲ့နည်းလမ်းကိုရှာလို့ရတာကြောင့် ပြဿနာမဟုတ်ပေ။ ဒါပေမဲ့ သူကအခုကိုယ်ဝန်လွယ်ထားရတဲ့ ယောက်ျားတစ်ယောက်ဖြစ်နေသည်။ သူလူကြားထဲဘယ်လိုလျှောက်သွားရမလဲ...။

သူဒီကိုယ်ဝန်ဗိုက်ကြီးနဲ့ အပြင်လျှောက်သွားရမယ်လို့ဆိုလိုတာပေါ့...။ ပြီးတော့အဲ့ထက်ဆိုးတာက သူကလေးကိုမွေးပေးရဦးမယ်ပေါ့.....။

အဓိပ္ပါယ်မရှိတာ!!... သူကလေးတစ်ယောက်ကိုမမွေးပေးချင်ဘူး...မဟုတ်သေးဘူး..ဒီပြဿနာကိုရှင်းဖို့နည်းလမ်းရှာရမယ်....။

*********************

Zawgyi

"အ!!..အာ့!!"   ရုန်ယိဖြေးညင်းစွာထိုင်ချလိုက်ပြီး နာကျင်နေတဲ့ဗိုက်ကိုကိုင်ထားလိုက်သည်။
"သောက်လခွီးတဲ့မှ...ငါတစ်ကယ်ကိုယ်ဝန်ရှိနေတာလားဟ...ငါ့ကို သောက်ကျိုးနည်းအောင်လာနောက်နေတာလား..ယောက်ျားတစ်ယောက်ကဘယ်လိုလုပ်ပြီးကိုယ်ဝန်ရနိုင်မှာလဲ...မဖြစ်နိုင်တာ..ဒါကြီးက ဘီယာဗိုက်ဘဲဖြစ်ရမယ်..."

သူ့ကိုယ်သူနှစ်သိမ့်နေတဲ့စကားတွေကို သူကိုယ်တိုင်တောင်မှမယုံနိုင်ဘူး..။အကြောင်းက တစ်ခုခုက အတွင်းကနေကန်နေတာကို သူရှင်းရှင်းလင်းလင်းကိုခံစားနေရ၏။

"ကျွန်တော်ပြန်ရောက်ပြီ...သခင်လေး.."
အဖြူရောင်ဝတ်စုံနဲ့လူငယ်လေးတစ်ယောက်လမ်းလျှောက်ဝင်လာပြီး ရုန်ယိ ကြမ်းပြင်မှာနာကျင်ဖြူဖျော့နေတဲ့မျက်နှာနဲ့ထိုင်နေတာကိုတွေ့တာတောင် တုံ့ဆိုင်းမသွားဘဲ ဖြေးညင်းစွာပြောလာသည်။
"နောက်ထပ် ဗိုက်နာနေပြန်ပြီလား"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Där berättelser lever. Upptäck nu