*4* ဒါကြီးကဘီယာဗိုက်ဘဲဖြစ်မယ်

Start from the beginning
                                    

အခုထိနေလို့အဆင်မပြေသေးတဲ့ လက်သည်ကတော့စားပွဲခုံကိုကိုင်ထားကာ သူ့ရင်ဘက်သူဖိပြီး အသက်ကိုမနည်းလုရှူနေရသည်။
"အမလေး..သေတော့မလို့...သေတော့မလို့.."

ခုနကလေးတင် သူမကအမျိုးသမီးတစ်ယောက်ကိုကလေးမီးဖွားဖို့ကူညီပေးနေတုန်း ယောက်ျားတစ်ယောက်ကအထဲဝင်လာပြီး ဘာမှမပြောဘဲနဲ့ သူမကိုခေါ်ဆောင်သွားသည်။ပြီးတော့ သူမကိုသယ်ရင်းနဲ့ အိမ်ခေါင်မိုးတွေပေါ်ကနေခုန်ပျံပြီးသွားနေတာ ဘယ်သူမဆိုထိတ်လန့်သွားမှာဘဲ....။

"ရုန်စု သခင်လေးက မွေးဖွားချိန်မရောက်သေးဘူး.." ရုန်ဟွမ်က ပြောနေကျအတိုင်းဘဲ ဖြေးဖြေးလေးပြောလိုက်သည်။ သူပြောတဲ့စကားဆုံးသွားချိန်မှာတော့ ရုန်စုက မီးဖိုချောင်ထဲရောက်နေလေပြီ။ ဒါပေမဲ့ရုန်ဟွမ်ကတော့ သူ့ညီရဲ့မြန်ဆန်လွန်းတဲ့အရှိန်ကိုအသားကျနေပြီ။ စားပွဲပေါ်ကအင်းအစီအရင်က သူ့အာရုံကိုဆွဲဆောင်သွားသည်။ အဲ့တာက အဆင့်၃ ပုံရိပ်ယောင်ချိုးဖျက်ခြင်းအစီအရင်နဲ့တူပေမဲ့ သူမြင်ဖူးတဲ့ဟာတွေနဲ့ ကွဲပြားနေသည်။ ဒီဟာကပိုပြီးဆွဲဖို့လွယ်ကူအောင် ပြင်ဆင်ထားပုံပေါ်သည်။ ဒီပြင်ဆင်ထားတဲ့ အင်းအစီအရင်က အလုပ်ဖြစ်ပါ့မလားတော့မသိဘူး..။

"သခင်လေး...စားပွဲပေါ်က အင်းအစီအရင်ကဘယ်သူဆွဲထားတာလဲ" ရုန်ဟွမ် မျက်လုံးတွေကျဥ်းမြောင်းပြီး မေးလိုက်သည်။

"ငါဆွဲတာ"
ရုန်ယိ စိတ်မရှည်စွာပြန်ဖြေလိုက်သည်။

ရုန်ဟွမ် မျက်မှောင်ကြုတ်လိုက်မိသည်။ ရုန်ယိပြောတာ သူမယုံမှန်းသိသာသည်။ သခင်လေးဘေးမှာအမှုထမ်းလာတဲ့လေးနှစ်အတွင်းမှာ အင်းအစီအရင်ဆွဲဖို့မပြောနှင့်  သူအနည်းငယ်လောက်ကျင့်ကြံတာတောင် မတွေ့ဖူးပေ။

လက်သည်က အသက်ပုံမှန်ပြန်ရှူသွားနိုင်တဲ့အခါ ရုန်ယိကိုသေချာထိုင်နိုင်အောင် ကူညီပေးလိုက်ပြီး သူတစ်ကယ်မွေးဖွားတော့မှာလားသိရအောင် သူ့ဗိုက်ကိုစစ်ဆေးကြည့်လိုက်သည်။

"ထွက်သွားစမ်းးး!!" ရုန်ယိ လက်သည်ရဲ့လက်ကိုရိုက်ထုတ်ပစ်လိုက်သည်။
"မင်းတို့နှစ်ယောက်လုံးထွက်သွားကြ!!...ငါတစ်ယောက်တည်းနေဖို့လိုနေတယ်.."

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now