__________________________________________

Nonnaကလေးမွေးမဲ့ရက်ကိုတောင်ရောက်လာပြီ
ကိုယ့်ကလေးမဟုတ်ပေမဲ့ ကလေးချစ်တက်တဲ့ကျွန်တော့်အတွက်တော့ ဒါဟာစိတ်လှုပ်ရှားစရာ ultrasound ကြိုမရိုက်ထားတာကြောင့် သားသားလားမီးမီးလားဆိုတာမသိရသေး

ဒီနေ့ကကျောင်းပိတ်ရက်ဖြစ်တာမို့ nonnaမွေးဖို့ဆေးရုံကိုလိုက်သွားပေးဖို့ အဆင်ပြေသွားသည်

"ကလေးအဖေဘယ်သူလဲ"
မွေးဖွားခါနီး ကလေးအဖေရဲ့လက်မှတ်ကိုလာတောင်းတဲ့
nurseမလေးကြောင့် Tae Hyungတစ်ယောက်အကျပ်ရိုက်ရသည် Yoonjiမှာပါလာတာဆိုလို့ သူဘဲရှိတာမလား
သူမှ မပြောရင် လက်မှတ်ထိုးပေးမဲ့သူမရှိဘူး

"ဒ..ဒီမှာပါ"

လိုအပ်တဲ့နာမည် လက်မှတ်ပေးပြီးတော့ nonnaကမွေးခန်းထဲကိုဝင်သွားပြီ

ကိုယ်ကလေးမဟုတ်ပေမဲ့စိတ်လှုပ်ရှားနေမိတယ်
ကြားထဲအတွေးလေးကလည်းဝင်လာတယ်

သူသာကိုယ်ဝန်ရှိခဲ့လို့မွေးဖွားခန်းထဲဝင်သွားရင် Jeonလည်း အခုလိုစိတ်လှုပ်ရှားပူပန်နေမှာမဟုတ်လား

မဟုတ်ကဟုတ်က အတွေးလေးတွေက လူကိုပျော်စေသည်Jeonကိုလွမ်းရလို့ ရူးတော့မှာဘဲ...

.
.
.
၁နာရီကျော်ကျော်လောက်ကြာပြီးတော့ ဆရာဝန်က အခန်းထဲက ထွက်လာတယ်
"ကလေးရော မိခင်ရော ဘေးကင်းပါတယ် သားလေးပါ"

ကလေးကိုတော့ပိုးသတ်ခန်းထဲမှာထားထားရမယ်ဆိုလို့အခုထိတော့မတွေ့ရသေး လူနာခန်းထဲမှာ ဆေးပိုက်တန်းလန်းနဲ့ nonnaကို အားပေးဖို့သွားရောက်လိုက်တယ်

"အဆင်ပြေလား nonna နောက်ဆုံးတစ်ခါလောက်မကြိုးစားချင်ဘူးလား စီနီယာကို ကျွန်တော်သွားခေါ်လိုက်မယ်"

"ဟင့်အင်း ရတယ် သူ့ကိုမလိုဘူး သားလေးလည်းရောက်လာပြီဘဲ nonnaအဆင်ပြေတယ်"

နောက်တော့nurseမလေးက ကလေးလေးကိုပွေ့ချီလာရင်းYoonji လက်ထဲထည့်ပေးလိုက်တော့ နီတာရဲလေးကတကယ်ကိုချစ်စရာကောင်းသည်

"သူ့အဖေကိုတော်တော်ချစ်တာဘဲ စီနီယာနဲ့တစ်ရုပ်ထဲဘဲ"
ပြောရင်းနဲ့မျက်ရည်လေးတွေဝဲလာတဲ့Yoonji

Sugar Baby[Completed]Where stories live. Discover now