Part-7 Uni&Zawgyi

Start from the beginning
                                    

တစ်ဖက်တွင်တော့ Gongနှင့်သူငယ်ချင်းသုံးဦးမှာ ခွက်ချင်းတိုက်ကာ အောင်ပွဲခံနေကြသည်။ ဒီလိုလုပ်ရက်မျိုးတွင် Gongနှင့်သူငယ်ချင်းများက သေသပ်ကျွမ်းကျင်လွန်းလှသည်။ ကျောင်းတုံးက အုပ်စုလိုက်အဆိုးအတေများ ဖြစ်တာကြောင့် ဖြစ်မည်။

"ဟိတ်ကောင်Gong မင်းပြောတော့ အဂျီစိုင်ကို မုန်းပါရဲ့ဆို.....ခုတော့ သူ့ထိရင်အရင်လို ဆတ်ဆတ်ထိမခံပါလားကွ...."

သူငယ်ချင်းဖြစ် ယန်ကြီး(ယန်မျိူးအောင်)၏ စကားကြောင့် Gongပြုံးရွှင်စွာ အောင်ပွဲခံခြင်း ရပ်တန့်သွားသည်။
Gong ဝီစကီခွက်ကို အကုန်မော့သောက်ပစ်လိုက်သည်။ ကိုယ့်ကိုယ်ကိုခံပြင်းမှု တစ်ချို့ကို ပူလောင်ပြင်းရှသော ဝီစကီဖြင့် မျောချလိုက်သည်။ ခံပြင်းသည်။ မိမိအားမချစ်ပဲ အစ်ကိုဖြစ်သူကို အရွဲ့တိုက်ဖို့ သိမ်းပိုက်ခဲ့ခြင်းကို ခံရသည်တိုင်အောင် ထိုလူကိုမုန်းလို့မရပါ။ ထိုသို့နွားကျမှု့ကြောင့် Gongကိုယ့်ကိုယ်ခံပြင်းသည်။ ဒေါသထွက်မိသည်။ သို့ပေမယ့် ထိုလူအား ထိပါးစော်ကားလာသူများကိုတော့ ပြင်းပြင်းထန်ထန်ပြန်တိုက်ခိုက်နေမိသည်။ သူ့အားGongမုန်းကြည့်သည် သို့သော်မစွမ်းနိုင်ပါ။

ဇွဲစျာန်သည် Gongရဲ့အရိပ်အ​​ခြေကိုအကဲခတ်မိလိုက်သည်။ သူတို့သူငယ်ချင်းကြီးဟာ ထိုအမျိုးသားကို နှစ်နဲ့ချီကြိတ်ခဖစ်နေမှန်း သူတို့သိထားသည်။ သူတို့သူငယ်ချင်းကြီး အချစ်ကြီးမှု့ကိုတော့ သူတို့တွေလက်ဖျားခါသည်။ လိုက်မမှီပါ။ မင်္ဂလာဦးကအရက်သောက်ပြီး ထိုအမျိုးသား(Ajisai)အားမုန်းလှပြီဟု အော်ဟစ်ခဲ့သူမှာ ခုတော့ထိုအမျိုးသားအတွက် လက်တုန့်ပြန်နေတော့သည်။
ဇွဲစျာန် ယန်ကြီးအား လက်ဖြင့်အသာတွန်းကာ သတိပေးလိုက်သည်။ပြီးနောင် ဇွဲစျာန်စကားလမ်းကြောင်းလွဲလိုက်သည်။

"အဟမ်း.....ဟိုအဖိုးကြီးကတော့ ဒေါသပွနေလောက်ပြီကွ....ငါတို့လေးယောက်ရဲ့ကိုယ်ပျောက် စွမ်းအားက ဘယ်လောက်စွမ်းလည်း အဟားးးး...."

ဇွဲစျာန်စကားကြောင့် Gongပြုံးရယ်လာသည်။

"ငါ သူ့ကိုမုန်းမရဘူးကွာ.....မမုန်းနိုင်ဘူးဖြစ်နေတယ်...."

Because of Hydrangea(BL)Where stories live. Discover now