Chapter 231. Cut Down a Bit

255 45 4
                                    

အပိုင်း ၂၃၁။ အနည်းငယ် ဖြတ်ချလိုက်ခြင်း

"၅၀၀ ဘီလီယံ!"

ဖုန့်ရှီက သူ စျေးပြိုင်ခေါ်ပြီးသည်နှင့် သီထျန်းရှန်အား လျှာထုတ်ပြလိုက်သည်၊ သူ့အိတ်ထဲ ငါးထရီလီယံ ပါလာတာနဲ့ဆိုရင် ဒင်းကို သူ အနိုင်မပိုင်းနိုင်ဘူးဆိုတာ မယုံရေးချ မယုံ။

ထိုခဏတွင်တော့ သူ့တွင် မူလမီးဝိညာဉ်ထက် များစွာ ပိုအဖိုးတန်သည့် နွေဦးနှလုံးသားကိုလည်း လေလံဆွဲဖို့ ကျန်နေသေးကြောင်း သူ မေ့သွားခဲ့သည်။

၁၅၀ ဘီလီယံ ခုန်တက်သွားတာက အလွန် ခြေလှမ်းကျဲလွန်းသည်။ အခြားမိသားစုများနှင့် မျိုးနွယ်စုများသည် အလွန်သိမ်ငယ်သွားကြပြီး လည်ချောင်းထဲ ငါးအရိုးဆူးသလို နင်သွားကြတော့သည်။ ဘယ်သူကမှ ဆက်ပြီး လေလံပြိုင်မဆွဲနိုင်တော့ပေ။ အနိုင်ရရန် ဆုံးဖြတ်ထားသည့် နှစ်ဖက်ပါတီတို့အား ကြည့်လိုက်လျင် ထိုနှစ်ဖက်က ဤကဲ့သို့သာ ဆက်ပြီး လေလံပြိုင်ဆွဲနေကြမည်ဆိုလျင် မူလမီးဝိညာဉ်၏ လေလံစျေးက တစ်ထရီလီယံကျော်သည်အထိ မြောက်တက်သွားလိမ့်မည်ဟု ပြောရဲသည်။

မော့ဖေးဟန်က သဘောတကျ ပြုံးလိုက်၏။ သူ့အမြင်အရဆိုလျင် ဒီ ဖုန့်ရှီဟာ သီထျန်းရှန်၏ သွေးကို ဆူပွက်လာအောင် မွေးဖွားလာသူတစ်ယောက်ဖြစ်သည်။

"မင်းက ငါနဲ့ ပြိုင်ပြီး စျေးပေးဖို့ စိတ်ပိုင်းဖြတ်ထားတာလား?" သီထျန်းရှန်က ဖုန့်ရှီကို စိုက်ကြည့်ကာ ပြောလိုက်သည်။

ဒီတိုင်းဆက်သွားမည်ဆိုလျင် သူ့အတွက် အလေးမသာတော့မှန်း သီထျန်းရှန် သိနေသည်။ တဖက်လူက သူ့နဲ့ တမင်ပြိုင်ပြီး စျေးပြိုင်ပေးနေလျင် ကောင်းကင်ဘုံက ဆုံးရှုံးမှု ကြီးကြီးမားမား ခံသွားရမည်ဖြစ်သည်။ မူလမီးဝိညာဉ်ကလည်း အရေးကြီးသော်ငြား သူ့ဖခင် ဧကရာဇ်မင်းကြီး မှာလိုက်သည်က သူ့အနေနှင့် ကောင်းကင်ဘုံ၏ အခြေကို ထိပါးလို့ လုံးဝ မရဟူ၍ပင်။

"ဟုတ်တော့ ဘာဖြစ်လဲ?" ဖုန့်ရှီက ဖုံးကွယ်ဖို့ ရည်ရွယ်ချက် လုံးဝ မရှိပေ။

"ဘယ်လိုအခြေအနေမျိုးဆိုရင် မင်းအနေနဲ့ စွန့်လွှတ်ပေးမလဲ?" သီထျန်းရှန်က အံကြိတ်ကာ မေးလိုက်သည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၂)Where stories live. Discover now