Chapter 219. You Can't Replace Him

Start from the beginning
                                    

"ခေါင်းဆောင်၊ သီထျန်းဟွာက ဘာမှားနေတာလဲ?" ဖုန့်ရှီက သီထျန်းရှန်နှင့် တွေ့ဖူးပြီး ဖြစ်ကာ သူ့သွင်ပြင်ကို ဖုန့်ရှီ ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သောကြောင့် သူက အခြားသူများကဲ့သို့ အံ့ဩမနေပေ။ သို့သော်လည်း သူက သီထျန်းဟွာ၏ သွင်ပြင်ကို သတိပြုမိသည်။

"အဲ့ဒီလူက သီထျန်းဟွာအစစ် မဟုတ်ဘူး"

ငရဲမင်းကြီးက အခြားသူများကဲ့သို့ သီထျန်းဟွာနှင့် သီထျန်းရှန်တို့အား ကြည့်မနေချေ။ သူက သူတို့ကို အကြည့်တစ်ချက်တောင် မပေးဘဲ ဖုန့်ရှီကို ပွေ့ဖက်ထားကာ သူ၏ နာနေသည့်အစိတ်အပိုင်းများကို ဆုပ်နယ်ပေးနေခြင်းအားဖြင့် လက်ရှိ ရှိနေသည့် အခြားသူများထက် ပိုပြီးတောင် အလုပ်ရှုပ်နေသည့်ပုံ ရသည်။

"ဒါဆို သူက ဘယ်သူလဲ? ဘာလို့ သီထျန်းဟွာအယောင် ဆောင်ပြီး ပွဲကို တက်ရတာလဲ?"

ဖုန့်ရှီက မူလတုန်းကတော့ ငရဲမင်းကြီး၏ လက်မောင်းထဲ လဲလျောင်းပြီး မှီနေခဲ့တာဖြစ်သော်လည်း သူက ထိုစကားကို ကြားတော့ ချက်ချင်းပဲ ထလိုက်လေ၏။ ရုတ်တရက် သူ့အောက်က သီးသန့်အစိတ်အပိုင်းတနေရာမှ စူးခနဲ နာသွားသည့် ခံစာချက်ကို ခံစားလိုက်ရပြီးနောက် နောက်ပြန်လဲကျသွားကာ နာနာကျင်ကျင်ဖြင့် တုန်ရီသွားတော့သည်။

"သီထျန်းဟွာက ရှောင်ရှီ့ကြောင့် ချိနဲ့သွားပြီ။ တကယ်လို့ သူမ ပြန်ကောင်းလာဖို့ ကောင်းကင်ဘုံမှ နည်းလမ်းမရှိဘူးဆိုရင် သူမဘဝ တစ်လျောက်လုံး လူရှေ့ ထွက်နိုင်တော့မှာမဟုတ်တော့ဘူး။ ကောင်းကင်ဘုံက အရှက်ခွဲခံလိုက်ရတဲ့အတွက် သူတို့က ဘယ်နည်းနဲ့မဆို မျက်နှာ ပြန်ဆယ်ရမှာပဲ။ ကောင်းကင်ဘုံအတွက် အကောင်းဆုံးနည်းလမ်းက အမှားကို အမှန်လုပ်ဖို့ပဲ။ အဲ့တာဆို ကောင်းကင်ဘုံက အားကြီးတယ်၊ ရုပ်ဆိုးသွားတဲ့မျက်နှာကိုတောင်မှ လွယ်လွယ်လေး ပြန်ကောင်းအောင်လုပ်နိုင်တယ်လို့ တခြားသူတွေက တွေးကြလိမ့်မယ်၊" ငရဲမင်းကြီးက သုံးသပ်ပြလိုက်သည်။

"ကောင်းပြီ၊ ဒီလိုလုပ်ခြင်းအားဖြင့် ကောင်းကင်ဘုံက မျက်နှာပျက်သွားခဲ့ရပေမယ့်၊ စကားတွေ ပြန့်သွားတဲ့အခါမှာ ကောင်းကင်ဘုံက ဝက်ခေါင်းလို မျက်နှာကိုတော် နဂိုပုံပန်းအတိုင်း ပြန်ပြီး ကောင်းအောင်လုပ်ဖို့ တစ်ရက်လောက်ပဲ အချိန်ယူရတဲ့အတွက် ကောင်းကင်ဘုံက တကယ် နာမည်ကျော်ကြားသွားလိမ့်မယ်။ ဒီနည်းလမ်းနဲ့က ကြည့်ကောင်းချင်တဲ့သူတွေက ရုပ်ရည်ပြင်ဖို့အတွက် သေချာပေါက် ဒီကို အပြေးလာကြမှာပဲ။ လော့ရိန်ပြောတာကို ကျွန်တော် ကြားဖူးတာက ကောင်းကင်ဘုံက နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်မှာလည်း သူတို့ပိုင်ဆိုင်မှုတွေ ရှိတယ်တဲ့။ သူတို့က အဲ့တာကို အစီအစဉ်ချထားတာဖြစ်မယ်။ ဘယ်လိုတောင် ဉာဏ်များလိုက်သလဲ!"

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၂)Where stories live. Discover now