Chapter 211: The Cunning Feng Xi

Start from the beginning
                                    

သီထျန်းဟွာ၏မျက်နှာက ဝက်ခေါင်းအဖြစ် ဆိုးဆိုးရွားရွား စုတ်ပြဲသွားသည်မှာ တစ်ရက်ပင်ရှိပြီဖြစ်သော်လည်း သူမနှင့်ပတ်သက်သည့် မည်သည့်သတင်းမှ မကြားရပေ။

မနေ့က သီယွမ်ထျန်းက သူမကို ခေါ်သွားပြီးနောက်မှာတော့ သူက ထပ်မပေါ်လာတော့ဘဲ ဧည့်သည်များအား ဖျော်ဖြေရေးကိစ္စကို သီယွမ်ရှောင်အပေါ်သာ အပ်နှံထားခဲ့လေတော့သည်။

သီထျန်းဟွာနှင့် ဖုန့်ရှီတို့၏ရန်ပွဲက လူတိုင်းရှေ့မှောက်တွင် မျှမျှတတ ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲဖြစ်ခြင်းကြောင့် သီယွမ်ထျန်းအနေနှင့် ဖုန့်ရှီကို ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ အပစ်တော့ မတင်နိုင်ပေ။ ငရဲမင်းကြီးက ဖုန့်ရှီကို ထောက်ပံ့ပေးနေသည်ကို အသာထားဦး ဖုန့်ရှီကိုယ်၌ကိုယ်ကလည်း သီထျန်းဟွာ၏ အသက်ကို မယူခဲ့ဘဲ မျက်နှာကိုသာ ဝက်ခေါင်းလို စုတ်ပြတ်သွားအောင် လုပ်ခဲ့တာသာဖြစ်သည်။ သီယွမ်ထျန်းအနေနှင့် ဖုန့်ရှီကို ပြဿနာ ရှာလိုလျင်တောင်မှ တရားနည်းလမ်းကျကျ ပြဿနာတော့ ရှာလို့ရနိုင်မည် မဟုတ်ပေ။

သို့သော်လည်း မွေးနေ့ပွဲက မနက်ဖြန်တွင် ကျင်းပမှာဖြစ်ပြီး မွေးနေ့ရှင် မင်းသမီး သီထျန်းဟွာက မွေးနေ့ပွဲ မတက်ရောက်နိုင်ဘူးဆိုလျင် တကယ့်ဟာသ ဖြစ်သွားလိမ့်မည်။ ထို့ကြောင့် ကောင်းကင်ဘုံရှိလူများက သီထျန်းဟွာ၏အသွင်အပြင်ကို ပြန်လည်ထိန်းသိမ်းနိုင်ရန် နည်းလမ်းများကို တွေးတောနေရမည်ဖြစ်သည်။

ဒါပေမယ့်လည်း ...

"ဟီးဟီး၊ ပြန်ကောင်းဖို့က သိပ်မလွယ်ဘူး" ငရဲမင်းကြီး ခွံ့ကျွေးနေသော အစေ့မဲ့စပျစ်သီးကိုစားရင်း ဖုန့်ရှီက ရယ်သွမ်းလိုက်သည်။

လော့ရိန်က အံ့အားသင့်သွားပြီး "မင်း သူ့ကို တခြားတစ်ခုခု လုပ်ခဲ့သေးတာလား?"

လူတိုင်း၏မျက်စိရှေ့မှောက်မှာ တခြားဘာများ လုပ်လို့ရနိုင်မတဲ့လဲ? ဒါ ရဲတင်းလွန်းတာပဲ။

ဖုန့်ရှီက သူ့ကို ထီမထင် တစ်ချက်ကြည့်လိုက်သည်။ "ငတုံး၊ ငါက သူ့ကို ရိုက်နှက်ဖို့အတွက်ပဲ အားကို အကြမ်းပတမ်း သုံးခဲ့မယ်လို့ မင်းထင်နေတာလား? သူမကို ဘယ်လိုလုပ် အလွယ်လေးနဲ့ လွှတ်ပေးနိုင်မှာလဲ?"

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၂)Where stories live. Discover now