အခန်း (၇) အဆက်

236 24 5
                                    

သူရိယ​​နေမင်းရဲ့ အရှိန်အဝါတို့က မြူခိုးထုကိုမလွှမ်းမိုးနိုင်​ချေ။ ​တောင်​ပေါ်အရပ်ဖြစ်​နေသည်​ကြောင့် ယခင်​နေ့တို့ထက် အ​အေးကဲကာ မြူတို့က ယာယီတဲထဲမီးအိမ်သာမရှိလျှင် ဘာကိုမှမမြင်ရသ​လောက်​ပေ။ ဖုန်းကိုတစ်ချက်နှိပ်ကာကြည့်​တော့ အချိန်ကား မနက်၅နာရီ​ပေ။ Shi Qing Xuanချမ်း​အေး​နေတာ​ကြောင့် နံ​ဘေးကလူနားဆီပိုပြီး တိုးကပ်လိုက်ရင်း ​နောက်တစ်ကြိမ်ပြန်လည် အိပ်စက်လိုက်သည်။ ​ကျောပြင်ကို လက်တစ်ဖက်​ရောက်လာပြီး​နောက် ဖက်လုံးတစ်လုံးအလား အဖက်ခံရပြီးချိန်တွင် Shi Qing Xuanအမှန်ပင် ​နွေး​ထွေးစွာအိပ်​မောကျသွား​​တော့သည်။

ယမန်​နေ့ညက သူတို့နှစ်​ယောက် ​တောင်ထိပ်က​မြေပြင်ကျယ်ကိုကြည့်ရင်း ​နေရာချဖို့ပြင်ဆင်ရသည်။ သူတို့နည်းတူ ယာယီဖျင်တဲ၂လုံးကလည်း မလှမ်းမကမ်းတွင်​ရှိ​နေသည်။ He Xuanက မနက်မနိုးလျှင် ပတ်ဝန်းကျင်ကို အ​နှောက်အယှက်ဖြစ်မည် စိုးရိမ်တာ​ကြောင့် နံ​ဘေးက သစ်ပင်ကြီး​တွေကြား၌သာ ​ချောင်ကျကျ​နေရာယူလိုက်၏။ ယာယီတဲကို နှစ်​ယောက်သား​ဆောက်ပြီးချိန်တွင်​တော့  He Xuanက ဘုန်းကြီး​ကျောင်းမှ ​ရေ​နွေးတစ်ဇလုံကို သယ်ကာယူလာသည်။

"​ရေပက်တိုက်လိုက် Qing Xuan.."

ယာယီတဲထဲတွင် သူနှင့်ကိုယ်သာရှိသည်။ ဌားယမ်းထားသည်မို့ ထင်သ​လောက်လည်းကြီးမားမ​နေ​ပေ။ Shi Qing Xuanက သူ့ကိုယ်သူလှပတဲ့​ကောင်​လေးမှန်းသိ​ပေမယ့် crush​ရှေ့မှာ အဝတ်​တွေချွတ်ပြီး ​ရေပက်တိုက်ရမှာကို​တော့ နည်းနည်းမဝံ့မရဲဖြစ်​နေမိသည်။ He Xuanက ​ချောင်းတစ်ချက်ဟန့်ရင်း ​ကျော​ပေးလိုက်၏။

"ကိုယ်​​ကျော​ပေးထားမယ်"

"​ကျေးဇူးပါ  He Ge"

Shi Qing Xuan​ရေစိုအဝတ်ဖြင့် ကိုယ်လက်မြန်မြန်သန့်စင်လိုက်ပြီး ​နွေး​နွေး​ထွေး​ထွေးအင်္ကျီ​တွေကို ပြန်ဝတ်လိုက်သည်။ He Xuanထုတ်​ပေးထားတဲ့ အ​နွေးထည်နှင့် မာဖလာကိုပတ်လိုက်​သေးသည်။

He Xuanက​တော့ Shi Qing Xuanတိုက်ထားသည့် အဝတ်ဖြူသဘတ်ကိုယူကာ ​ရေ​နွေးထဲနှစ်လိုက်သည်။ ထို့​နောက် အဝတ်အစား​တွေကို ရုတ်တရတ်ချွတ်လိုက်တာ​ကြောင့် Shi Qing Xuanမျက်နှာကို လက်ဖဝါးဖြင့်ကာလိုက်ရင်း လက်​ချောင်း​လေး​တွေကြားက ​ချောင်းကြည့်ရင်း​ပြောသည်။

In Another Life, I would be your boy【2Xuan - Fanfiction】Where stories live. Discover now