အခန်း (၂)

317 32 3
                                    

ပတ်တီးဖြည်ပြီး​နောက်မှာ​တော့ Shi Qing Xuan​ ကျောင်းပြန်တက်ဖို့အတွက် ပြင်ဆင်ခဲ့သည်။ အထက်တန်းပထမနှစ် ဂျူနီယာ​အဆင့်ဖြစ်တာ​ကြောင့် စာ​တွေကသိပ်မခက်​ပေမယ့် ၁လ​ကျော်ကြာ၂လနီးပါး ပျက်ကွက်မှုက စာသင်နှစ်တစ်ဝက်ရဲ့ စာတစ်ဝက်ကို လစ်လပ်သွား​စေသည်။ မြို့​တော်ဝန်​လောင်းရဲ့ ညီငယ်​လေးဖြစ်တာ​ကြောင့် ​ကျောင်းအုပ်ချုပ်​ရေးပိုင်းက သူ့ကိုအထူးအခွင့်အ​ရေး​ပေးထားတာဖြစ်သည်။

ထိုင်ခုံ​ဖော်သူငယ်ချင်းဖြစ်သူ Xie Lianက​တော့သူ​ဆေးရုံဆင်းပြီး ​နေစ​ကောင်းတည်းက အမြဲပင်ဖုန်း​ခေါ်ကာ စာ​တွေကူး​​ပေးထား​ကြောင်း၊ အကုန်ပြန်ရှင်းပြမည်​ဖြစ်​ကြောင်း၊ Note​တွေလုပ်​ပေးထား​ကြောင်း စိတ်မပူဖို့​ပြော​​​လေ့ရှိသည်။ ထိုသူငယ်ချင်း​လေးနဲ့က ​ကျောင်းစဖွင့်မှ ခင်မင်ရင်းနှီးတာဆို​ပေမယ့် Xie Lianက နူးညံ့ပြီးကြင်နာတတ်သည်။ စိတ်နှလုံးသား​ကောင်းပြီး တစ်ဖက်တွင်လည်း အတန်း​ခေါင်း​ဆောင်ရာထူးနဲ့အညီ ပြတ်သားသည်။ အ​လျော့မ​ပေးတတ်ပဲ ​ခေါင်းမာသည်။

မည်သို့ပင်ဖြစ်​စေ။ သူတို့၂​ယောက်က အချိန်တိုအတွင်းမှာပဲ ရင်းနှီးသွားပြီး သူငယ်ချင်း​ကောင်းဖြစ်လာခဲ့၏။ Shi Qing Xuanမှာ မိတ်​ဆွေသူငယ်ချင်း​​​​ပေါများ​ပေမယ့် အများစုက​တော့ သူတို့မိသားစုအရှိန်အဝါ​ကြောင့်သာ အကျိုးလို၍​ညောင်​ရေသွန်းကြတာဖြစ်သည်။ ဒါ​ပေမယ့် သူဂရုမစိုက်ပါဘူး။ သူကအားလုံးကိုညီတူညီမျှ ​လေး​လေးစားစား ဆက်ဆံတာဖြစ်တာ​ကြောင့်။

​ကျောင်းဝတ်စုံကို ​သေချာဝတ်ပြီး​တော့မှ လွယ်အိတ်ထဲစာအုပ်​တွေကို​စစ်ထည့်ကာ မနက်စာစားဖို့အတွက် ​မီးဖိုခန်းထဲဝင်သွား​တော့ သူ့ကိုကြီးက အဆင်သင့်ပြင်ဆင်​ပေးထားသည်။ Shi Wu Duက​ကော်ဖီတစ်ခွက်ကို​သောက်ကာ သတင်းစာဖတ်​နေရင်း သူ့ညီ​လေး​ဝင်လာတာမြင်​တော့ အပူခံ​ပေးထားတဲ့နွားနို့ကို​ပေးကာ ပေါင်မုန့်ကို​စ​တော်ဘယ်ရီယိုသုတ်​ပေး​နေသည်။

"ကိုကြီး သားပိုက်ဆံအိတ် ကိုကြီးသိမ်းထားတာလား"

"အဲ့တာ​ပျောက်သွားတယ်၊ မင်းလည်းမ​မေးလို့၊ ငါအသစ်ဝယ်​ပေးထားတယ်၊ ​ရော့"

In Another Life, I would be your boy【2Xuan - Fanfiction】Where stories live. Discover now