အခန်း (၅)

211 28 9
                                    

Cမြို့နှင့် Xမြို့ကိုဆက်သွယ်ထားတဲ့ ရထားလမ်းက ၂ရက်ခရီးခန့်မျှရှည်လျားပြီး ကြားဘူတာအဖြစ်သတ်မှတ်ထား​​သော မြို့ငါးမြို့ရှိ၏။

Shi Qing Xuan နိုးလာ​တော့ ည​နေ​လေးနာရီခန့်ပင် ရှိပြီဖြစ်သည်။ မျက်လုံးမဖွင့်ခင် နဖူးကိုရိုက်ခတ်လာတဲ့ ဝင်သက်ထွက်သက်နွေး​နွေးက သူ့ကို​နွေရာသီတွင် ​ရေငတ်တဲ့လူတစ်​ယောက်ကဲ့သို့ ပူပြင်း​စေသည်။ ​ကျောင်းမြက်က​လေးက သူ့ဘက်ကိုလှည့်ကာအိပ်​နေတာဖြစ်ပြီး သူတို့နှစ်​ယောက်က အရမ်းကိုနီးကပ်​နေသည်​လေ။ Qing Xuan မသိလိုက်စွာပင် အသက်ကို​အောင့်မိပြီး ကိုယ်ကိုအ​နောက်ဘက်သို့ ရို့လိုက်သည်။ ခပ်​ဖြေး​ဖြေးချင်းထထိုင်​တော့ တစ်ဖက်လူက လွန့်လူးလာ​သည်။

အ​နေရခက်​သော အ​ခြေအ​နေက ရထားတွဲခန်းရှိ စပီကာအ​သေး​လေးမှထွက်လာ​သော အမျိုးသမီးငယ်​လေး၏ အသံချိုချို​ကြောင့် ဖရိုဖရဲအ​ခြေအ​နေသို့ မ​ရောက်ရှိလိုက်​ချေ။

စီးနင်းလိုက်ပါလာ​သော လူကြီးမင်းတို့ရှင့်.. ​နောက်ထပ် အချိန်၅မိနစ်ကြာ ကုန်ဆုံးပြီးလျှင် ကြားဘူတာ ပထမမြို့သို့​ရောက်ရှိပါ​တော့မည်။ ကြားဘူတာတွင် လူကြီးမင်းတို့စိတ်ကြိုက် အပြင်ထွက်ကြည့်နိုင်သလို ရထား​ပေါ်မှဝန်​ဆောင်မှုကိုသာ လိုချင်လျှင်လည်းရပါတယ်ရှင်။ ရထားပြန်လည်ထွက်ခွာချိန်က​တော့ ည​နေ ၆နာရီတိတိဖြစ်ပါတယ်။ ​ကျေးဇူးတင်ပါတယ်ရှင်။

အိပ်မှုန်စုံဖွားမျက်လုံးဖြင့် ​ကျောင်းမြက်က​လေးကို Shi Qing Xuanက အရင်ဦးစွာ​​ဆော်သြလိုက်သည်။

"He Ge နိုးပြီလား.. ကြားဘူတာမှာ မုန့်သွားဝယ်စားရ​အောင်​လေ​​နော်!"

သက်ပြင်းချသံ တိုးတိုးကို​တော့ သူမကြား​လောက်ဘူးမလား ဟင်?

He Xuanက ခုံကိုပြင်ပြီး ဆံပင်ကိုတစ်ချက်ဖွလိုက်သည်။ ထိုပုံစံက မူလက​​မောက်မာတဲ့ဟန်ကို​ပျောက်​စေ၏။ ချစ်စရာပင်​ကောင်း​သေးသည်။

"အင်း.. မင်းသ​ဘော​လေ"

"မစ်တီးဆိုင်ရှိရင်​ကောင်းမယ်​နော်! ကျွန်​တော် ပိန်းဥအရသာ​သောက်ချင်တယ်"

In Another Life, I would be your boy【2Xuan - Fanfiction】Where stories live. Discover now