Episode♡7⚠️⚠️

En başından başla
                                    

"မင်းသား​လေး ​သမား​တော်ကြီး​ပေးတဲ့​ဆေးရည်​လေးသောက်လိုက်ပါအုံး"

"ထားခဲ့ ထယ်အိပ်ခါနီး​သောက်လိုက်မယ်"

"ကျွန်​တော်မျိုးမတို့ အ​ရှေ့မှာ​သောက်ဖို့ မင်းကြီးအမိန့်​ပေးထားပါတယ်"

"မယုံလို့လား အမြဲအထိန်း​တော်ကြီးအ​ရှေ့မှာဘဲ ​သောက်​နေကျကို"

"ကျွန်​တော်မျိုးမ မယုံကြည်တာမဟုတ်ပါဘူး"

"အဲ့တာဆို ထွက်​တော့ ထယ်​သောက်လိုက်မယ် မပူနဲ့ အိပ်​ဆောင်ထဲ ဘယ်သူမှ၀င်မလာတော့​နဲ့နော်"

"အမိန့်အတိုင်း- မင်း​သားလေး အနီစက်​တွေ​ပျောက်သွားပြီလား နားရွက်ဖြူ​လေးလဲထွက်​နေတယ်"

အထိန်း​တော်ကြီးစကား​​ကြောင့် အ​စေခံ​ကောင်မ​​လေးတို့ကပါ ​မော့ကြည့်လာသည်။သူကခါတိုင်းအမြှီး​လေးဘဲ ထွက်တတ်တာ ကိုကိုနဲ့ ပထမဆုံး​ပြန်​တွေ့မှ နားရွက်​လေး​တွေက ထွက်လာတာ......

"ခုထွက်​တော့ ထယ်​ဆေး​သောက်ပြီး နား​တော့မယ်"

အထိန်း​တော်ကြီးက စိတ်မချ၍ လှည့်ကြည့် လှည့်ကြည့်လုပ်ကာ ထွက်သွား​တော့မှ ကုတင်​အောက်က ကိုကို့ကိုကြည့်မိသည်......ကုတင်ကနိမ့်တာ​ကြောင့် ကုန်းကုန်း​လေး​နေ​နေရတာ သနားဖို့​ကောင်းသည်.....အမြန်ဆွဲထုတ်​တော့.....

"​ယောင်းရယ် ကိုကို့ခါး​တော့ကုန်း​တော့မှာဘဲ"

"ကိုကို နာသွားလား ဥုံဖွ"

ခါး​လေးကိုလက်​သေးသေး​လေး​တွေနဲ့ကိုင်ပြီး ဥုံဖွလုပ်​နေ​သော က​လေးငယ်ကို ချစ်မ၀ဖြစ်လာပြီး ပါးပြင်​လေးကို ကိုင်ဆွဲ​တော့ နာလို့ထင် ​အော်​နေ​သောအ​ကောင်​ပေါက်​လေး.....​

"အ့ ကိုကို​နော် သူ့အသားမနာတမ်း သူများကိုလိုက်ဆွဲ​နေတာဘဲ"

"​ယောင်းပါး​လေး​တွေက ကို့ကိုဆွဲ​ဆောင်​နေတာကို"

"ဟွန့် သူ့ဟာသူ​နေတဲ့ပါး​လေးကဘဲ ဆွဲ​ဆောင်တယ်ရှိ​သေး"

ဂျောင်ဂု အိပ်​ဆောင်တံခါးချပ်ကို ​သေချာသွားပိတ်ပြီး ​ယောင်းထိုင်​နေတဲ့ ခုံပု​လေး​ဘေး၀င်ထိုင်လိုက်သည်......

More  Than  Love::TK::{Completed}Hikayelerin yaşadığı yer. Şimdi keşfedin