အပိုင်း(၁၆)

2.3K 200 16
                                    

Unicode

သုရာ Club ထဲရောက်တော့ ထူးဆန်းသော မြင်ကွင်းက သူ့အား စီးကြိုနေသည်။ လူများအားလုံးသည် အနက်ရောင်တစ်ခုတည်းကိုသာ ဝတ်ဆင်ထားကြသည်။

တချို့ သူ့အရွယ် ယောကျာ်းလေးများက ခန္ဓာကိုယ်အစိတ်အပိုင်းများဖော်ထားသော ကြပ်လွန်းသည့် အနက်ရောင် အတိုအပြတ် အင်္ကျီများအား ဆင်ယင်ထားကြ၏။

တချို့ ယောကျာ်းလေးများ၏ လည်ပင်းတွင် လည်ပတ်အနက်ရောင်များအားလည်း တပ်ဆင်ထားကြသည်။ ယောကျာ်းအချို့၏လက်တွင်မူ ကြာပွတ်များလည်း ကိုင်ဆောင်ထားသေးသည်။ ကြမ်းပြင်တွင် တွားသွားလမ်းလျှောက်နေသူများလည်း ရှိကြသေး၏။

ဒီထူးဆန်းမှုက သုရာစိတ်ထဲ တစ်မျိုးကြီးဖြစ်သွားစေသည်။ ကြောက်ရွံ့သလို ခံစားရသည့် ခံစားချက်မျိုး။ အလိုလိုနေရင်း ကျောချမ်းလာမိသည်။ ဦးဇွဲဆတ်မင်းက ဘယ်လိုလုပ် ဒီလိုနေရာမျိုးကို ရောက်လာရတာလဲ။

ဘယ်အရာက သူ့အား စိုးရိမ်စေမှန်း သူ နားမလည်။ ဦးဇွဲဆတ်မင်းအား ဒီလို စိတ်ပျက်စရာနေရာမျိုးတွင် အမှန်တကယ် ရှိမနေစေချင်ပါ။ ဘာလို့လဲဆိုတာတော့ သူ မသိ။

ဦးဇွဲဆတ်မင်း ရောက်နေရာဟု ပြောသည်နှင့် ချက်ချင်းရောက်လာမိသည့် သူ့စိတ်ကိုလည်း သူ နားမလည်ပါ။ တစ်စုံတစ်ယောက်ကို အရမ်းစိတ်ပူမှ ခုလိုဖြစ်နိုင်မှန်း သူသိသည်။ စိတ်ပူသည်က ခံစားချက်ရှိနေသောကြောင့်လား။ သူ့ကိုယ်သူ ပြန်ဆန်းစစ်ရန် လိုအပ်လာပေပြီ။

သုရာ ဖုန်းအား ထုတ်ကာ လွှမ်းဆက်ပို့ထားသော sms အား ပြန်ကြည့်လိုက်သည်။

"Dorami club,first floor, VIP room 1"

စာအား ပြန်ဖတ်နေစဥ်အတွင်း သူ၏ ဖုန်းအားကုန်သွားလေသည်။ သုရာ ကြောင်အသွားရ၏။ မနေ့က ဟိုတယ်တွင် သူ ဖုန်းသုံးရင်း အိပ်ပျော်သွားသောကြောင့် အားမသွင်းမိလိုက်။ အခုတော့ အခက်တွေ့ရချေပြီ။

"ကျစ်"

စိတ်မသက်မသာ စုတ်သတ်၍ ဟိုဟိုဒီဒီ ကြည့်မိစဥ် မှောင်မဲသော လမ်းကျဥ်းလေးထဲ လမ်းညွှန်ထားသည့် ဆိုင်းဘုတ်တစ်ခုအား တွေ့လိုက်ရသည်။

Alien's adorable doctorWhere stories live. Discover now