" မင်း အရင် လက်ကားဝယ်ထားတဲ့ T-shirt တွေလည်း အကုန်လုံး အဲ့လိုပစ်လိုက်တာတော့ မဟုတ်ပါဘူးနော်? "

ထိုစကားကိုကြားတော့ ရှောင်းလီရဲ့မျက်ဝန်းထဲ ဝမ်နည်းရိပ်ကို မြင်တွေ့လိုက်ရတယ်။ စိတ်မပါစွာ ခေါင်းငြိမ့်ပြပြီးနောက် အစာစားရန် စားပွဲမှာ ဝင်ထိုင်လိုက်တယ်။

ချီရှို့ယွမ်စကားပြောမှားသွားမှန်း သိလိုက်ပေမယ့် ဘယ်နားကမှားနေမှန်း မခန့်မှန်းတတ်တော့။ ရှောင်းလီ ဆန်ပြုတ်သောက်နေတာကိုသာ တိတ်တဆိတ်ကြည့်ရင်း ဘာပြောရမလဲ စဉ်းစားလို့နေတယ်။ နေ့တစ်ဝက်စာလောက်ကြာတယ်လို့ထင်ရတဲ့အထိ တုံ့ဆိုင်းနေရင်းက ရုတ်တရက် ရှောင်းလီရဲ့စကားသံကို ကြားလိုက်ရတယ်။

" ဟုတ်တယ်။ "

သူခေါင်းမော့ကာ ရှောင်းလီကိုကြည့်လိုက်ပေမယ့် ရှောင်းလီကတော့ သူ့ကိုကြည့်မနေ။ စောစောက ပြောတာ သူမဟုတ်သလိုပင် ဆန်ပြုတ်ပန်းကန်ကိုသာ ငုံ့ကြည့်လို့နေတယ်။

ချီရှို့ယွမ် မေးမလို့လုပ်လိုက်တော့ ရှောင်းလီက ခံစားချက်မပါတဲ့ အမူအရာနဲ့ အရင်စပြောပြတယ်။

" အဲ့ T-shirt တွေအကုန်လုံး သွေးစွန်းကုန်လို့ လွှင့်ပစ်လိုက်ရတာ။ တစ်ခါတစ်လေတော့ ငါ့သွေး၊ များသောအားဖြင့်တော့ သူများသွေးပေါ့။ ချီရှို့ယွမ်.... ငါ ခဏခဏပြောခဲ့ဖူးပါတယ် ငါက အဲ့လိုလူမျိုးဆိုတာကို။ မင်းထင်ထားတာထက် ပိုပြီး ကြောက်စရာကောင်းသလို မုန်းစရာလည်း ကောင်းတယ်။ မင်းမသေချင်ဘူးဆိုရင်.. မင်း.... "

စကားပြောနေရင်းကနေ ချီရှို့ယွမ်ကို အေးစက်ခက်ထန်စွာ မော့ ကြည့်လိုက်ပြီး

" ငါနဲ့ ဝေးဝေးနေတာ အကောင်းဆုံးပဲ။ "

ချီရှို့ယွမ် ရှောင်းလီမျက်နှာကို မော့မကြည့်မိ။ အဲ့အစား ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ဟန်ကျားကို တစ်ချက်ကြည့်လိုက်ပြီး ရှောင်းလီရဲ့ ရင်ညွန့်ရိုးမှာ ရထားတဲ့ ပြတ်ရှဒဏ်ရာဒဏ်ချက်တွေရယ် ကောင်းကောင်း မဆေးထားလို့ ကျန်နေတဲ့ လက်မောင်းပေါ်က သွေးကွက်တွေရယ်ကို ကြည့်လိုက်တယ်။ ထိုသို့ကြည့်လိုက်ပြီးမှ ရှောင်းလီနဲ့အကြည့်ချင်းဆုံအောင် ကြည့်လိုက်ကာ

Lawless Gangster (Myanmar Translation)Where stories live. Discover now