နှစ်ယောက်သား စကားပြောကာ အိမ်ထဲဝင်သွားသည်
စိုနေတဲ့ကျောင်းအကျီကိုချွတ်လိုက်ရင်း နွေးနွေးထွေးထွေးဖြစ်စေမည့် အကျီကိုYoonjiက Tae Hyungအဝတ်ဗီရိုထဲမှထုတ်ပေးလာတာကြောင့်

ထူးထူးဆန်းဆန်းဂရုစိုက်ပြနေတဲ့Yoonjiကြောင့်Tae Hyungတစ်ယောက်နားမလည်နိုင်

Yoonjiပေးလာတဲ့အဝတ်ကိုဝတ်လိုက်ရင်း

"ခဏ "

ဆိုကာမီးဖိုချောင်ထဲသို့ဝင်သွားတဲ့Yoonji
ပြန်ထွက်လာတော့ လက်ထဲမှာရေနွေးခွက်လေးနဲ့

"ရော့ သောက်ထားလိုက် နွေးအောင်လို့"

Tae Hyungတစ်ယောက်Yoonjiအပြုအမူတွေကိုထိနားမလည်နိုင် အရင်ကဆိုသူဒီလိုဂရုစိုက်ပေရမဲ့အစား ကျွန်တော့်ကိုဆို ကျောင်းမပြီးသေး ပညာမစုံသေးတာကြောင့် ကျွန်တော့်အချစ်ကိုအမြဲငြင်းဆိုခဲ့သည်မလား

"မေးမယ်နော် အမှန်တိုင်းဖြေ"

"အင်း"

Tae Hyungခေါင်းလေးတစ်ချက်ငြိမ့်ပြလိုက်ရင်း

"မင်းအခုJung Kookနဲ့တွဲနေတာလား "

အစမရှိအဆုံးမရှိမေးလာတာကြောင့် ကြောင်သလိုလိုဖြစ်သွားပေမဲ့

"ဟုတ်တယ် nonna"

"မင်းသူနဲ့တွေ့တာရက်ပိုင်းဘဲရှိသေးတာကိုဘယ်လို
ဖြစ်ပြီးတွဲဖြစ်တာလဲ"

"ဘယ်ကသာ ကျွန်တော်နဲ့သူနဲ့က ဟိုးငယ်ငယ်လေးထဲက အိမ်ကဘေးချင်းကပ်ရပ် nonnaကို ကျွန်တော်ပြောဖူးပါတယ် ကျွန်တော်တို့အိမ်မီးလောင်သွားရတယ်ဆိုတာလေ"

"အင်း ပြောဖူးတယ်လေ"

"အဲ့အချ်ိန်ကမှ သူနဲ့ကျွန်တော်တစ်နေရာဆီဖြစ်သွားတာ"

"အော်"

မျက်လုံးကတောင်ကြည့်မြောက်ကြည့်နဲ့စဉ်းစားနေတဲ့Yoonji

"nonnaကဘာတွေစဉ်းစားနေတာလဲ မရှင်းတာရှိလို့လား"

"အဲ့တာဆိုမင်းnonnaကိုချစ်သေးလား"

အစိမ်းသက်သက်မေးလာတဲ့မေးခွန်းကြောင့် ဘာအဖြေပြန်ပေးရမလဲ မသိအောင်ကိုသူစွံ့အသွားမိတယ်

Sugar Baby[Completed]Where stories live. Discover now