"Behind The Reason"
Part-1
"ဒီနေရာမှာ ထိုးပေး"
ဆိုင်ထဲဝင်လာသည့် ဖြူဖတ်ဖြူရော်ကောင်လေးက တံခါးအပေါ်က ဆိုင်းဘုတ်ကို ခပ်တွေတွေစိုက်ကြည့်ပြီးမှ ဝင်လာသည်။
ဝင်လာလာချင်း ဝတ်ထားသည့် ခပ်ကြီးကြီး ရှပ်အင်္ကျီအပြာကြီးကို ဟဖြဲကာ ဝင်ထိုင်သည်။
"ညှပ်ရိုး ပေါ်ဆို နာမှာနော် ကောင်လေး"
"ဘာဖြစ်ဖြစ်"
ဖြူဝင်းသည့် အသားအရေတွင် လစ်လပ်ပြမှ မြင်ရသည့် တက်တူးတွေရှိနေသည်။
ထိုးဖူးသည့်အတွေ့အကြုံရှိသည်ကိုသိလိုက်ပြီမို့ ဆိုင်ရှင်ဦးလေးသည် စကားမဆက်တော့ဘဲ စတင်ရန်ပြင်တော့သည်။
မနာဘဲရှိမလား။ ပန်းနဲ့ပေါက်နေတာမှ မဟုတ်တာ။
နာကျင်လွန်းလို့ မျက်ရည်တို့ဝေ့ချင်လာသည်။ ရင်ဘတ်က နာပါသည်။ စူးနင့်နေအောင်ကို နာကျင်ရပါသည်။
အသံမထွက်ဘဲ တုန်ယင်နေသည့် ပိုးဟပ်ဖြူလေးကို ဦးလေးသည် စုတ်တသပ်သပ်ဖြင့်သာ ။
ဘယ်လောက် နာနေမှန်း ဦးလေးမှ မသိတာ။ လူကောင်သာ ယဲ့ယဲ့ကျန်သည့် သိမ်ငယ်ခြင်းဒဏ်တွေ ။
မင်းလိုကောင်က ငါ့ကို ဆိုပြီး အစချီလာမယ့် ခပ်နက်နက်ဒဏ်ရာတွေ။ သူ့မှာပြည့်နှက်နေတာတောင် မရုန်းနိုင်နေပုံက Jeonဆိုတဲ့ နာမကို သေရာပါ ထွင်းမိသည်အထိ။သူ ရူးနေပြီ။
ရဲကာနီလွန်းနေသည့် မျက်လုံးအိမ် မို့အစ်အစ်တို့မှာ ဗလာဖြစ်နေသည့် မျက်ဝန်းအနက်လေး။
တစ်သက်လုံး ဒီမျက်ဝန်းတွေရဲ့ အပြစ်ကင်းဟန်ကို မမြင်ချင်လွန်းလို့ ကိုယ်တိုင် ဖုံးအုပ်ပစ်ခဲ့ရတာ။
အခုတော့ မဖုံးကွယ်ချင်တော့ပါ။ ဖုံးကွယ်ချင်စိတ်လည်း ကုန်ခမ်းနေခဲ့ပြီ။
မုန်းလွန်းလို့ ဒီ မျက်ဝန်းနက်တွေကို နှိုက်ထုတ်ပစ်ချင်မိသည်အထိ။
ပထမဆုံး ဖွင့်ဟ ပြခဲ့သည့် စစ်မှန်ခြင်းတွေ ကို ဘယ်လိုတောင်ရက်စက်နိုင်ရတာလဲ။
~•~
1st July,2020.
Florida ,U.S.A.
A shadow's bending
My hand is shaking
When touching your face
I feel your pain🎶🎶
သီချင်းသံစဉ်အလိုက် စီးမြောရင်း steel poleပေါ် ခါးထစ်ကလေးတင်ကာ ကိုယ်လုံးလေးကိုကွေးထားသည်။ လက်တစ်ဘက်ဖြင့် poleကို ကိုင်ထိန်းထားကာ ခြေတို့ကို အလိုက်သင့် သိမ်းဖွက်ရင်း လေထဲ ပျံဝဲလာသည့် ငှက်မွှေးအဖြူလေးနှယ် နူးညံ့စွာ အောက်သို့ သက်ဆင်းလာသည်။
သူကား Hellရဲ့ ပင်တိုင် Pole dancerလေး J။
YOU ARE READING
Behind The Reason
Fanfiction"Jပါ ! ကျွန်တော်က Jiminပါ Mr.Jeon" လျော့ကျသွားသည့် ပွေ့ဖက်ခြင်းတွင် Jရဲ့ မျှော်လင့်ခြင်းလေးတွေ ကပ်ပါသွားခဲ့ပါသည်။
