|| 2 ||

157K 12.4K 5K
                                    

Unicode

ကြီးကြီး စကားကြောင့် သူ ဒီအထိလိုက်လာရတာမို့ မျက်နှာကတော့ သာသာယာယာဖြစ်မနေ ။ ။

အရေးထဲ ကြီးကြီး က တိုက်ပုံနဲ့ ပုဆိုး ဝတ်ခိုင်းနေ၍ မဝတ်နိုင်ကြောင်း အပြတ်ငြင်းရသေးတယ် ။ 

" သားချီရယ် မင်းဝတ်ထားတဲ့ ပုံကိုလည်း ကြည့်ပါဦး ကြင်ယာဖက်သွားတွေ့မှာ ဒီလိုပုံနဲ့ မဖြစ်ဘူးလေ သားချီ "

" ကျုပ် ကိုယ်လုံးတီးနဲ့ လိုက်ရမလား အခုဝတ်ထားတဲ့ အဝတ်အစားနဲ့ပဲ လိုက်ရမလား ကြီးကြီး ကြိုက်တာရွေး "

ကြီးကြီး မြိုင်လည်း ဘာမှကို မပြောချင်တော့ ။ မျက်စိရှေ့က တူဖြစ်သူခေါင်းကိုဘဲ ပိတ် ခေါက်ချင်​တော့တယ် ။

" သဘောပါ သားချီရေ သားချီသဘောပါရှင် "

ကြီးကြီးက ဆိုင်ကယ်မစီးရဲတာမို့ သူ့အတွက် ဟိုတစ်​နေ့ကမှ မာမီတို့ပို့ပေးလိုက်သော နောက်ဆုံးထွက်သည့် Lamborghini အနီရဲလေးကိုသာ ထုတ်ထားလိုက်သည် ။

" ကြီးကြီး မကြောက်ပါနဲ့ ကျုပ်က ဖြေးဖြေးမောင်းမှာပါ မသိရင် ကျုပ်မောင်းနေတာ ကားအောက်ရောက်တော့မယ် အတိုင်းပဲ "

တစ်လမ်းလုံး လည်း အရည်အရအဖတ်မရ တွေပြောလာလိုက်တာ ကြီးကြီးမြိုင် နားပါပိတ်ထားရတဲ့အထိ ။

" ဟိုနားမှာ ရပ်တော့ ရပြီ သားချီ လူကြီးတွေရှေ့ရောက်ရင် စကားကို ရိုရိုသေသေ ပြောနော် ကြားလား သားချီ "

" မသိဘူး ကြီးကြီး ကျုပ်ပြောတတ်သလို ပြောမှာ "

ကားကို အဆင်ပြေပြီး အရိပ်ရတဲ့ နေရာခဏရပ်ထားကာ ကြီးကြီးနောက် သူလိုက်သွားလိုက်တယ် ။

ခြံလေးက ပေနှစ်ဆယ်လောက်ကိုမှ အတွင်းမှာ  နှစ်ထပ်တိုက်အိမ်ပုလေး ကို သပ်သပ်ရပ်ရပ် လေး ဆောက်ထားသောကြောင့် သူ တစ်မှတ်ပေးမိသည် ။

" ဟော ​စံပယ်ရေ  မမမြိုင်တို့လာကြပြီ အအေးလေးယူပြီး  ထွက်လာပါဦး အမောပြေသောက်ရအောင် ဟယ် မမမြိုင် သားချီက ဘယ်လိုဖြစ်လာတာလဲ "

အမောကတော့ အန်တီ့ကို မြင်တည်းက ဆို့နေပြီဖြစ်ကြောင်းကိုတော့ သူမပြောမိ ။ထမိန်နဲ့ အင်္ကျီ မဝတ်တာ အသာထား ဂါဝန်အတိုကြီး ဝတ်ထားထဲက ဒီမိန်းမကြီးကို  ချီ့ မျက်လုံးထဲ Cross ဖြစ်နေတာ ။

My Impressive HusbandWhere stories live. Discover now