ဆွေးမြေ့နေတာကို လာနှောက်ယှက်ရင်
သတ်ပစ်ဖို့ အဆင်သင့်ချထားခဲ့တာ.....။
ခြေသံကြားရုံနဲ့ပစ်မှတ်ကိုဒဲ့ထိနိုင်သော
သူ့အတွက် ကြိုက်တဲ့ကောင်လာခဲ့....။

နံရံကပ် TVကြီးကြီးထဲမှာလည်း အိမ်ရှေ့စံရဲ့
အထင်ကရနေ့လေးပဲလာနေဆဲ....
ရိုးရာဝတ်စုံလေးနဲ့ မင်းသားလေးဟာ
ဒီလူအတွက်တော့....အနှိုင်းမဲ့ကြိုးငယ်...။

ကြည့်ရင်း စိမ့်ထွက်လာတဲ့ အသဲထဲကသွေးတွေကို
ညှစ်ထုတ်ပြီး အရက်ထဲထည့်စပ်ပစ်လို့ရရင်
လည်းအကောင်းသား...။

ကြင်ယာတော်လေးကလှလိုက်တာ...
န်ုင်ငံရတနာလေးမို့ အပြစ်ဆိုဖွယ်ရာတစက်မှမရှိ....။
သေနတ်နဲ့နားထင်တေ့ပစ်ချင်သော
စိတ်ကို ထိန်းရင်းသိမ်းရင်း....
ရင်သည် တစချင်းစီပြိုကျလာသည်....။

ရင်ကျိုးသည်ဆိုတာဒါလား......။
သူလိုလူက ရင်ကျိုးတတ်မှာတဲ့လား.....။

"မြတ်နိုးပါတယ်ပြောရအောင်
မင်းလို လူမိုက်မှာ နှလုံးသားပါလို့လား"

နှလုံးသားပါပါတယ်လို့...အိမ်ရှေ့စံကို
သက်သေတွေလည်းပြချင်ပါတယ်.....။

"ခွဲပြလို့ရရင်...ခွဲပြပြီး....
နန်းဆောင်ထဲ အပျင်းပြေဆော့နေချင်ရပါတယ်
လို့ ...."

ဆိုတဲ့အခါ....ချက်ချင်းဒူးထောက်ခိုင်းပြန်တယ်...။

အမိန်လှလှလေးရယ်ထိရောက်ခဲ့ပါ့....။

အစွန်အထိ အဆုံးအထိ....သံသရာအလွန်တွေအထိ
ချစ်နိုင်သမျှတွေရဲ့...အရာခပ်သိမ်းအထိ
သွေးစွန်းခဲ့သော....စိတ်ဝိဥာဉ်ဆိုပေမယ့်
အိမ်ရှေ့စံလေးကိုဖြင့် ခစားရရုံနဲ့ ပွန်းပဲ့သွားမှာ
ကြောက်ခဲ့တယ်...။

မင်းသားလေးရဲ့ တင်တင်စီးစီးအကြည့်တွေ....

မင်းသားလေးရဲ့ အထင်သေးရှုံ့ချသော
အပြုအမူတွေ...

မင်းသားလေးရဲ့ စိတ်ကြိုက်နှိမ်ချပြောဆိုခဲ့သော
စကားလှလှလေးတွေ.....

"ငါက အိမ်ရှေ့စံနော်....!"

ခပ်မာမာစကားနဲ့ မျက်နှာလှလှလေးဟာ
ဘဝတခုလုံးရဲ့ အဓိပ္ပာယ်ပဲ....။

My Crown Prince 🤴🏼Where stories live. Discover now