"ရမ်းကားလိုက်တာ....!!"

အသံကလေး....။
မင်းမျိုးမင်းနွယ်ပီပီမြင့်မြတ်သော
သွေးတို့အပြည့်စီးဆင်းနေကာ
မာန်အပြည့်ပါခဲ့သော အသံကလေး.....။

အကြိမ်ကြိမ်အခါခါ...ရူးရလွန်းလို့....
အကြိမ်ကြမ်အခါခါ...စွဲလန်းရလွန်းလို့....
အရင်လိုရမ်းရမ်းကားကားဆို
ပြေးပွေ့နမ်းမိအုန်းမှာ...။
ဒါပေမယ့်...ကိုယ်ဆိုတာသူဘယ်တုန်းကမှ
မချစ်ခဲ့တဲ့ ဒုစရိုက်ကောင်ကြီးမလား..။

တရွေ့ရွေ့နဲ့ ကွယ်ပျောက်သွားခဲ့ပြီ.....
အိမ်ရှေ့စံမင်းသားလေး ကကျောခိုင်းသွားခဲ့ပြီ...

ခြေဖဝါးရဲရဲလေးအောက်..ဇွတ်တိုးဝင်
ခစားခဲ့တာ....

ရွှေဝါရောင်ဆံပင်တိုလေးတွေကို
အတင်းတိုးဝှေ့နမ်းရှိုက်ခဲ့တာ.....

"ဒူးထောက်စမ်း!" လို့ အမိန့်ပေးတဲ့အခါ

မကောင်းသောလောကရဲ့ဘုရင်ကြီးက
ဒူးထောက်ခေါင်းငုံ့ခဲ့တာ.....

ဘုရင်ကြီးက မင်းသားလေးအတွက်
ကမ္ဘာအသစ်တွေတောင် အထပ်ထပ်တည်ပေးချင်ခဲ့တာ

လပိုင်းလေးအတွင်းကြင်ယာတော်လေးနဲ့
လက်ဆက်ပွဲအထိတောင်ကျင်းပနိုင်ခဲ့တာ
ဆိုတော့ သူ့ကိုခေါင်းထဲတော်တော်လေးရှိခဲ့တဲ့ပုံပဲ...။
ရက်စက်လိုက်တာလို့ပြောရအောင်လည်း..
ကလေးလေးက မချစ်ပါဘူး လို့ရှင်းရှင်းလင်းလင်း
ဝန်ခံခဲ့တာလေ....။

"ခေါင်းဆောင် ကျတော်တို့သွားရပါမယ်...
ဒီနေရာမလုံခြုံတော့ပါဘူး....သူတို့လာနေကြပီ"

အနက်ရောင်ဆံပင်ရှည်တွေကြား
အစိမ်းရောင်မျက်လုံးတွေဟာ
မျက်ရည်စတွေနဲ့ဆိုသော်လည်း
စူးရှနေဆဲ.......။

"အကုန်သတ်ပစ်...."

သတ်ပစ်....အရှင်မထားနဲ့...
တဖွဲ့လုံးသတ်....မသေမချင်းပစ်သတ်လိုက်စမ်း...
ရှင်လျှက်ငါတယောက်မှမတွေ့ချင်ဘူး...
သူ...ဘဝတလျှောက်လုံးအလဲအလှယ်
လုပ်ကာ တောက်လျှောက်ပြောခဲ့သော
စကားစုတွေ....။

လက်မကအသားတချို့အားလက်ညိုးဖြင့်
ဖဲ့ရင်း ဒါဟာသူအင်မတန်စိတ်လှုပ်ရှား
နေကြောင်း မပြောလည်းသိရမဲ့အပြုအမူတခု....။
သေနတ်တလက်နှင့် အရက်တခွက်သည်
စားပွဲခုံပေါ်တွင် ငြိမ်ငြိမ်သက်သက်....။

My Crown Prince 🤴🏼Where stories live. Discover now