[28] They call him Ash , the Evil '

Start from the beginning
                                    

ဘယ်ပြောလို့ရမလဲ ဒီလူဟာ အရှင်သခင်ရဲ့ အသိမိတ်ဆွေတစ်ယောက်လဲ ဖြစ်ချင်ဖြစ်နေမှာ ... ။ ဒါကြောင့် သူ့ကိုကယ်တင်ဖို့အ‌ရေး Afa ရဲ့ မိုက်ရူးရဲဆန်တဲ့ ခရီးကို အတူလိုက်ပါပေးတာပေါ့ ။

Afa ပြုံးလိုက်မိသည် ။

" ဟုတ်ကဲ့ , sir ... ဘယ်လိုခေါ်ရမလဲမသိဘူး ? "

Afa လဲ မိတ်ဆွေကြီး၏ ဆံပင်အောက်ကမမြင်ရသော မျက်လုံးတွေဆီ ကြည့်ပြီး မေးလိုက်သည် ။ ထိုလူက Afa ကြည့်နေတာလဲ မြင်ရော လှစ်ခနဲလှည့်ထွက်သွားတော့၏ ။

အတော်ရှက်တတ်တဲ့သူပဲ ... ။
Afa နဲ့ မျက်လုံးချင်း လုံးဝမဆုံအောင်ကိုနေသည် ။

Shadow : " Lynx "

တိုးညှင်းသောအသံထွက်လာသည် ။

Afa မှာ တစ်လမ်းလုံး ထိုလူ၏ မထုံတတ်တေးပုံစံကြောင့် အနေခက်ခဲ့ရသည် ။ စကားပြောလျှင်လဲ ဆယ်လုံးမပြည့် ... စကားကို ဆယ်လုံးထက်ပိုမပြောရဟု စည်းမျဥ်းပဲထုတ်ထားသလား အောင့်မေ့ရသည် ။

အခု နာမည်ကြားလိုက်ရ‌သောအခါ ရုတ်တရက် ရင်းနှီးသွားသလိုခံစားရ၏ ။

" Sir Lynx "

Afa တီးတိုး ရေရွတ်ရင်း ထိုလူ၏အနောက်သို့ လိုက်ခဲ့လိုက်သည် ။

Shadow မှာတော့ နာမည်အရင်းကို ထုတ်ပြောလိုက်မိသဖြင့် ကိုယ့်ကိုယ်ကို အံ့ဩနေမိသည် ။ သူ၏ အမည်အစစ်ကိုသိသူမှာ ဤလောက၌ လက်ချိုးရေလို့ရသည် ။ သူဟာ အမှောင်ထဲကလူ ... သာမန်လူတွေလို နာမည်အရင်းကို လက်လွတ်စပယ်ပေးလို့မဖြစ် ။ သူ၏အလုပ်ရဲ့သဘောအရ ရန်သူတွေဆီသာ ရောက်သွားရင် ကောင်းတာတွေဖြစ်လာမှာမဟုတ် ။

Shadow လဲ မြင်းပေါ်တက်နေသော ကောင်မလေးကို မသိမသာကြည့်လိုက်၏ ။

သူမအား စောင့်ကြည့်ရန် အရှင်သခင်၏ အမိန့်ကိုရတည်းက သူခံစားမိခဲ့သည် ။ သူမမှာ အပေါ်ယံ မြင်နိုင်တာထပ် ပိုတာတွေအများကြီးရှိသေးမည် ။ အမည်းရော အဖြူရော ၊ ဒါမှမဟုတ် နှစ်ခုစလုံးရောနေတာတွေရော ... ။

ဒါကို သူတစ်ယောက်တည်းပဲ သိတာမဟုတ် ။ အရှင်သခင်လဲ သိလိမ့်မည် ။ ဘာကြောင့်ဆို , သူမရဲ့အမူအရာတွေကို နေ့စဉ်သတင်းပို့တိုင်း အမည်မဖော်နိုင်သော အမူအရာတွေနဲ့ ငြိမ်သက်စွာ ‌နားထောင်နေတတ်တဲ့ သခင်ကြောင့်ပေါ့ ... ။

Days of Counting Camellia (Hiatus)Where stories live. Discover now