ကျွန်တော်ဆွံ့အသွားခဲ့သည် ခြေထောက်တွေလှုပ်မရအောင်ဖြစ်ခဲ့သည် သူ့နောက်ပြေးလိုက်ချင်ခဲ့ပေမဲ့အစ်ကိုပြောသွားတဲ့စကားတွေကနာကျင်ရလွန်းတာကြောင့်အရူးတစ်ယောက်လိုသာ ကျန်ခဲ့ရသည်
.
.
.

Jeonကိုစကားပြောပြီးတာနဲ့စာသင်ခန်းထဲမှထွက်လာတဲ့ကောင်လေး ဖောင်းအစ်နေတဲ့မျက်လုံးလေးတွေက ထပ်ပြီးငိုမိပြန်သည် ရှေ့နောက်မကြည့်နိုင်ဘဲ ငိုရင်းနဲ့သာ ကျောင်းထဲကထွက်လာခဲ့ရသည်

လမ်းမထက်ကိုပြေးထွက်လာရင်း တွေ့တဲ့busပေါ်တက်သွားကာ ဆောင်းရာသီရောက်ပြီဖြစ်သော်လည်းသူ့ရင်ထဲအပူမီးတွေက နွေရာသီထက်တောင်ဆိုးနေပြီ

ထားသာထားခဲ့ရတာ
သိပ်စိတ်ပူသည် ထိုကောင်လေးလျှောက်လုပ်ပြစ်မှာ
ကြောက်သည်

"ငါလုပ်ခဲ့တာမှန်ရဲ့လား တစ်ကိုယ်ကောင်းဆန်သွားပြီလားဒီလောက်လေးနဲ့ငါပြိုမလဲခဲ့သင့်ဘူးမလား ငါဒီလောက်တောင်ခံနိုင်ရည်မရှိဘူးလား"

ကိုယ့်ကိုကိုယ်သာ အပြစ်တင်ရင်း စာသင်ခန်းထဲမှာ
ကျန်ခဲ့တဲ့ ကောင်လေးကို သတိရသွားပြန်တယ်

သူအခုချိန်ဆိုအရမ်းငိုနေလောက်ပြီ ကလေးရယ်
ကိုယ့်ရဲ့တစ်ဦးတစ်ယောက်ခံစားချက်တွေကိုဦးစားပေးမိရင်း ကိုယ်ထပ်ပြီး ဒဏ်ရာတွေပေးမိပြန်ပြီ

ကားမှတ်တိုင်တစ်ခုမှာ ဆင်းရင်း အနီးအနားမှာ ပန်းခြံ
အသေးလေး​တစ်ခုကိုတွေ့တော့ ဝင်ထိုင်ရန်ဆုံးဖြတ်လိုက်သည် ခုံတန်းရှည်လေးပေါ်ထိုင်ရင်း လက်သူကြွယ်မှလက်စွပ်လေးကိုကြည့်ကာ မျက်ရည်တွေကျရပြန်သည်

ဒီကောင်လေးသူ့ကိုသိပ်ချစ်ပြီးတန်ဖိုးထားခဲ့သည်မဟုတ်လား တခြားသူတွေအမြင်ကိုစဉ်းစားဖို့လိုရဲ့လား
ချစ်ရသူက ဒီလောက်အများကြီး တန်ဖိုးထားပေးနေတာလေ ငါအရမ်းဆိုးတာဘဲကွာ

ကိုယ့်ကိုကိုယ်သာ အဆုံးမရှိအပြစ်တွေတင်ရင်း
.
.
.

ချစ်ရသူ၏ထားသွားခြင်းကိုခံခဲ့ရတာထက် နာကျင်ရတဲ့နာကျင်မှုမျိုး ရှိပါအုန်းမလား

လိုတိုင်းတလို့ရနေတဲ့ဘဝမှာ သူအမက်မောဆုံးက
အစ်ကို့ရဲ့ချစ်ခြင်းမေတ္တာတွေ

Sugar Baby[Completed]Where stories live. Discover now