Barမှာထက်မြတ်နဲ့သူ့နောက်ပါသားတွေကတော့ စိတ်ကြိုက်မူးယစ်ပျော်ပါးပြီးကခုန်နေကြသည်၊
"မြတ်"အိမ်တော်မှာတော့ ငလျှင်လှုပ်ခတ်နေသည့်အလား ဉီးကောင်းမြတ်တစ်ယောက်ဒေါသမာန်ဟုန်ထနေသည်။

"အခုချက်ချင်း ထက်မြတ်ကိုဖုန်းခေါ်လိုက် ငါ့ကိုအခုလာတွေ့ဖို့ပြောလိုက်!!!"

ပြစ်ပေါက်ပြီးရိုက်ခွဲထားတဲ့ပန်းအိုးတွေ၊ခုံတွေ ပန်းကန်တွေနဲ့ လေလံပွဲတွေကနေဈေးကြီးပေးဝယ်ထားတဲ့ပန်းချီကားချပ်တွေကအစ ပွစာကျဲအောင်ရိုက်ခွဲထားတာတွေကို သန့်ရှင်းရေးလုပ်နေရင်း သခင်ကြီးရဲ့အသံသြသြကြီးကိုကြားတော့ပြေးပြေးလွှားလွှားကောင်းနေသေးတဲ့ဖုန်းကိုအလျှင်အမြန်ရှာဖွေပြီး သခင်လေးဆီကိုဖုန်းခေါ်ရသည်။

ခြံထဲကိုတစ်ရကြမ်းမောင်းဝင်လာတဲ့ကားအရ သူတို့သခင်လေး ကောင်းမြတ်ပြန်လာတာဖြစ်၏။

"မင်းလာစမ်း!!တောစပ်က အိမ်ကိုဝင်တည်းသွားတဲ့ကောင်အနောက်ကို မင်းကိုလိုက်ခိုင်းထားတာ မင်းဘာတွေလုပ်နေလဲ ဟမ်!!!

ဒေါသတကြီး အော်ဟစ်လိုက်တဲ့Daddyအသံကြောင့် ကောင်းမြတ်တုန်တက်သွားရသည်။Daddyကိုသူအလွန်ကြောက်ပါသည်။
သူလူမှန်းသိတတ်စအရွယ်ကတည်းက ခိုးဆိုးလုယက်လုပ်ပြီး ဓားမြပါတိုက်တဲ့Daddyတို့အဖွဲ့နဲ့သူပါလိုက်လိုက်သွားရသည်။ နောက်တစ်ချိန် ဒီနေရာကိုဆက်ခံရမည့်သူတစ်ယောက်အနေနဲ့ အခုကတည်းကသင်ယူဆိုတဲ့စကားကြောင့်သာ၊Daddyဉီးဆောင်တဲ့အဖွဲ့က သူတို့လိုချင်တာကိုမရခဲ့အခါမှာလဲ ကလေးလူကြီးမရွေး မျက်စိတစ်မှိတ်အတွင်း ရက်ရက်စက်စက်လည်လှီးပြစ်လိုက်ဖို့လဲမရွံ့ခဲ့သူဖြစ်သည်။

ဒါ့ကြောင့်လဲမကောင်းမှုဒုစရိုက်မှန်သမျှကိုလုပ်နေရင်း ငွေရလွယ်ပြီး ချမ်းသာလွယ်တဲ့လမ်းစဉ်ကိုတွေ့တဲ့အခါမှာ နယ်စပ်ဒေသတော်တော်များများကDaddyရဲ့စခန်းချစရာနေရာတြွေဖစ်လာပြီး ပြည်သူတွေဟာမူးယစ်ဆေးကိုတွင်တွင်ကျယ်ကျယ်အသုံးပြုလာကြသည်။

အခုချိန်ခါမှာတော့ မူးယစ်ရာဇာဉီးကောင်းမြတ်ဆိုရင် အလင်းကလူကော အမှောင်ကလူပါမသိသူမရှိရလေအောင် နာမည်ကြီးလာခဲ့ပြီ၊ အထက်လူကြီးတွေနဲ့ပါရင်းနှီးမှုရအောင်ယူထားတော့ Daddyကိုလျစ်လျှုရှုထားကြပြန်သည်။
အခုပေါက်ကွဲနေတဲ့ပုံအရ တစ်ယောက်ယောက်ကတော့ Daddyအမွှေးလာနှုတ်သွားပြီ...

Commando🍁(Complete)Where stories live. Discover now