Chapter 1.2 -it's been 25 years later

Começar do início
                                    

အဝေးကို ပြေးထွက်လာတာတောင်မှ ကူယွမ်စိတ်ကို တည်ငြိမ်အောင် မထိန်းနိုင်သေးဘူး။

သူမက အခုထက်ထိ လက်မထပ်ရသေးဘူးလေ၊ ပြီးတော့ သင့်လျော်တဲ့ ဘဝတစ်ခုတောင် မရှိသေးဘူး၊ ဒါက်ု သူမမှာ သား ငါးယောက်တောင် ရှိနေပြီတဲ့လား? ပြီးတော့လည်း အကြီးဆုံးကဆို 24နှစ်တောင် ရှိနေပြီတဲ့ ?

ဒါကြီးက စိတ်ကူးကြည့်လို့တောင် မရနိုင်ဘူး။

ကူယွမ်က သူမကိုယ်သူမ တည်ငြိမ်အောင်ထိန်းဖို့ အသက်ကိုဝဝရှုလိုက်တယ်၊ ပြီးတော့ ဒီအကြောင်းကို ဆက်မတွေးတော့ဘူး၊ ဒါက ဥလေး ငါးလူံးပါဘဲ၊ သူတို့ကို သူမ တခါမှလည်းမတွေ့ဖူးတော့ သူမနဲ့ မသက်ဆိုင်ပါဘူးလေ။

ဟုတ်တယ် ၊ဒါက သူမနဲ့ ဘာမှ မဆိုင်ဘူး။

သူမစိတ်ကိုသူမ ပြန်အယုံသွင်းပြီးတာနဲ့ လေဆိပ်ကို လျှောက်ကြည့်နေလိုက်တယ်။

ဒီ25နှစ်အတွင်းမှာ ပြောင်းလဲ သွားတာတွေက သိပ်များလွန်းတယ်၊ ကူယွမ်က ခမ်းနားကြီးကျယ်လှတဲ့ လေဆိပ်ကြီးကို ငေးကြည့်နေမိတယ်၊ နောက်တော့ check inဝင်ဖို့ရာ လူအုပ်ကြီးနဲ့ အတူ တန်းစီလိုက်တယ်။

ဝန်ထမ်း တစ်ယောက်က သူမကို စိုက်ကြည့်ရင်းနဲ့ မေးလာတယ် "ဒါက မင်းရဲ့ IDဆိုတာ မှန်ရဲ့လား ?"

ကူယွမ်က မြန်မြန်ဘဲ ပြန်ဖြေလိုက်တယ် " ဟုတ်ပါတယ် "

ဒီ IDကတ်က လွန်ခဲ့တဲ့ နှစ်ရက်ကမှ ဒေါက်တာချန်းက သူမ အတွက် အသစ် ပြုလုပ်ပေးထားတာ၊ အခုခေတ်ID ကတ်တွေက အဆင့်မြင့်ပြီး လေဆိပ်တို့ ဘူတာရုံတို့မှာ တိုက်ရိုက် ဖြတ်သန်းသွားလာလို့ ရနိုင်တယ်လို့ သူက ပြောတယ်၊ ကူယွမ်အတွက်တော့ ဒါက တကယ်ကို အံ့သြလောက်စရာဘဲ၊သူမ မှတ်ဉာဏ်ထဲက IDကတ်လေးကတော့ ပလက်စတစ် လောင်းထားတဲ့ ပုံလေးအတိုင်းရှိနေဆဲဘဲ။

ဝန်ထမ်းက ကူယွမ်ကို မျက်မှောင်ကြုံ့ပြီး ကြည့်လာတယ် " မင်းက ဒီနှစ်ဆို 45နှစ် ရှိပြီလား?"

ကူယွမ်က ခဏလောက် တုံ့ဆိုင်းနေပြီးမှ ခေါင်းညိမ့်ပြလာတယ် " ဟုတ်ပါတယ်၊ ကျွန်မက 45နှစ် ရှိနေပါပြီ "

5 Big Shots kneeled and called me Mom ( Myanmar translation)Onde histórias criam vida. Descubra agora