တီတီ တီ တီ...
ဘေးက အရေးပေါ် ခလုတ်အားနှိပ်ကာ
ဆရာဝန်ရောက်လာပီး စမ်းသပ်ကြည့်ပီးနောက်
“လူနာအခြေနေ ဒီနေ့တရက်နေပီးလို့ သက်သာလာရင် အိမ်ပြန်ခေါ်သွားလို့ရပါပီ ခဗျာ”
“ဟုတ်ကဲ့ ကျေးဇူးပါရှင် ”
“ရပါတယ်ဗျာ ဒါဆိုသွားခွင့်ပြုပါအုံး လူနာတွေ ကြည့်စရာရှိသေးလို့”
“သား ဘာလိုလဲ မေမေ့ကိုပြော မေမေအားလုံးဖြည့်ဆည်းပေးမှာ မလို့နောက်ခါ ဒီလိုမျိုး ထပ်မဖြစ်ပါနဲ့တော့ သားငယ်ရယ်”
“တကယ်ဖြည့်ဆည်းပေးမှာလားမေမေ ဘာဖဲဖြစ်ဖြစ်လေ ”
မျက်ရည်လေးဝဲလျက် တောင်းဆိုနေတဲ့သားငယ်လေးက မေမေ့အသက်ပါ
“အွန်း ဘာဖဲဖြစ်ဖြစ် မေမေ ကတိပေးတယ်သားငယ်”
“သားလူတယောက်ကိုရှာချင်တယ် ပီးတော့သူက ယောက်ျားလေး ”
“သားချစ်သူလား ”
“ဟုတ် မေမေတို့သဘောတူရဲ့လား”
“သားငယ်စိတ်ကြိုက်လို့မေမေပြောပီးပီလေ အသက်ကလေးရဲ့”
“ခ်ခ် ”
ထိုအခါမှပြုံးလာတဲ့သားငယ်လေးကို
ရင်ခွင်ထဲထည့်ကာ ဒေါ်ပိုးအိမ် ပိုဖက်တွယ်ထားမိတယ် သူ့မှာ သားလေးတယောက်ဖဲရှိတာ ဆုံးရှုံးရပီ ထင်ခဲ့တာ ဘုရားကယ်ပေလို့ပေါ့....လွမ်းတယ် ဘယ်လိုခံစားချက်ကြီးလဲ
အကြိမ်ကြိမ်တိုးဝင်ခဲ့ဖူးတဲ့ ရင်ခွင်ကို
တမ်းတမ်းတတ လွမ်းနေမိတယ်....
ဘယ်သူလဲ အဖြေလဲရှာမရဘူး........( ဘယ်သူဘယ်ဝါမှန်းမသိပေမယ့် နှလုံးသားကအလိုလိုသိနေတာပါ )
~~~~~~~~~~
“သား သတိရလာပီ မေမေဖြင့်လေ ဝမ်းသာလို့မဆုံးဘူး ကွယ်”
မေမေကတော့ မျက်ရည်ကျလျက်...
“သားကဘယ်လိုဖြစ်တာလဲ မေမေ ”
ဒေါ်မေသက်ထား သက်ပြင်းချလျက်
“မသေကောင်းမပျောက်ကောင်း အိပ်နေရင်း ပြန်နိုးမလာတော့လို့မေမေတို့ စိတ်ပူနေရတာ”
YOU ARE READING
ဖူဂျီကြိုးသွယ်🌚(Short Story/ Completed)
Romanceစိတ်ကူးယဉ်သက်သက်သာ ဖြစ်သည် (Uni / Zg )