'' ကျွတ် . . .  စကားများတယ် ´´

ဂျေက စိတ်မရှည်သလိုမျိုးပြောရင်း
မာန်ခရဲ့ နဖူးပေါ်ကဆံမျှင်လေးတွေကို သပ်တင်ပေးနေတယ်။

''နေပါဦး ။ ခင်ဗျားဘာလို့ ကျွန်တော့်ကို ဖက်ထားတာလဲလွှတ် ´´

နွေးနွေးထွးထွေး ရှိလှတဲ့ ပွေ့ဖက်မှုတွေထဲက
မာန်ခ အတင်းရုန်းတယ်။ ဒါပေမဲ့ ဘယ်နှစ်ကြိမ်များ
ဂျေ့ရဲ့ လက်ထဲကနေ ရုန်းလို့ လွတ်ဖူးလို့လဲ ။
ဒီလိုပဲ တစ်ခါနှစ်ခါရုန်းပြီး ဂျေ လွှတ်မပေးရင် ဒီတိုင်းပဲ ငြိမ်ပေးလိုက်တော့တာ အကျင့်ပါနေခဲ့ပြီ ။ ကြာလာတော့လည်း မာန်ခဟာ ဂျေ့ရဲ့ အထိအတွေ့လေးတွေနဲ့
ခပ်ဆိုးဆိုးအပြုအမူလေးတွေ အပေါ်မှာသာယာစ
ပြုနေမိတယ်။

'' ဒီည မင်းငါနဲ့ တူတူအိပ်ပေးပါလား ´´

ပြောရင်း ဂျေက မာန်ခကို ဖက်လုံးတစ်လုံးလိုပဲ
ခွတယ်။

''  ခင်ဗျားသေချင်လို့လား ´´

'' အင်း ငါသေချင်တယ် ။ ဒါပေမဲ့ မင်းကို ငါ့ Uke လုပ်ပြီးမှပဲ ငါသေမယ် ´´

'' Uke က ဘာလဲ ´´ မာန်ခ အဲစကားကို နားမလည်ဘူး။

'' မင်း တကယ်မသိဘူးလား ´´

'' အင်း ဘာလဲ ´´

ထိုအခါ ဂျေက မာန်ခရဲ့  နားနားလေးကို တိုးတိုးလေး
ကပ်ပြောတယ်။ ဘယ်လိုပြောလိုက်သလဲတော့မသိ။
စကားအဆုံးမှာ မာန်ခရဲ့ မျက်နှာ ဖြန်းခနဲ ပူနွေးသွားပြီး ပန်းရောင် ချက်ချင်းသမ်းလာတယ်။
မာန်ခက ဂျေ့ကို အားရပါးရ ကျိန်ဆဲတော့တယ်။

'' တဏှာရူး ´´

''ဟ. . .ဟ !! ငါပြောပြီးသားလေ ။ ငါက တဏှာရူးပါလို့ ။ ဒါပေမဲ့ မင်းတစ်ယောက်တည်းကိုပဲ ရူးတာ ´´

ဂျေ့ရဲ့ စကားတွေအပေါ်မှာ မာန်ခ ကျိတ်ကျေနပ်နေမိတယ် ။ ကိုယ့်ကိုကိုယ်တောင် မသိလိုက်ဘဲ နှုတ်ခမ်းတွေက ကွေးညွတ်ပြီး ပြုံးနေတယ်။ဒါပေမယ့် မာန်ခ အဲဒီသာယာမှုတွေထဲက အလန့်တကြားပဲနိုးထရပါတယ်။
အရင်တုန်းက သိပ်မသာယာခဲ့တာတောင် ဂျေဆိုတဲ့
သိပ်ထန်နေတဲ့ကောင်က အတင့်ရဲနေရင်
အခုကိုယ့်ဘက်က သူ့အပေါ်မှာ  နဲနဲလေးသာယာမိတာလေးများ ရိပ်မိသွားခဲ့ရင် ... ။ ဘုရား .. ဘုရား။
မတွေးရဲစရာပါလား ။

 Secret Commando  [ Zawgyi + Unicode ] CompletedKde žijí příběhy. Začni objevovat