"ထယ်ယောင်းလေ ပိုက်ဆံကြောင့် ဂျောင်ကုနဲ့တွဲနေတာ"
"ဒါဘဲရှိတယ်လေ ယောက်ကျားချင်းတွဲပါတယ်ဆိုမှ
ပိုက်ဆံမက်လို့ပေါ့ကွာ ဂျောင်ကုက တော်တော်ချမ်းသာတယ်လေကွာ"
မိန်းကလေးအုပ်စုမှလည်း တီးတိုးသံတွေ
"မနေ့က စင်တာတစ်ခုမှာတွေ့လိုက်တယ် လက်စွပ်ဝယ်နေကြတာ "
"ပြောပါတယ် ပိုက်ဆံကြောင့်တွဲတာပါဆို"
"အရှက်မရှိဘူးဘဲ ကင်ထယ်ယောင်းက"

Tae Hyung တစ်ယောက်စကားသံတွေကိုကြားသလ်ို
ထိုတီးတိုးသံတွေကို Jeon လည်းကြားသည် စိတ်ထိခိုက်လွယ်လွန်းတဲ့ အစ်ကို့ရဲ့မျက်နှာလေးကို လှမ်းကြည့်လိုက်တော့ နှုတ်ခမ်းကိုဖိကိုက်ထားတာ သွေးတွေတောင်ထွက်နေရဲ့နှုတ်ခမ်းကသွေးတွေက်ိုမြင်တော့Jeonတစ်ယောက်ပြာပြာသလဲလဲနှင့် Taeခန္ဓာကိုယ်လေးကိုသူ့ဘက်ဆွဲလှည့်လိုက်ရင်း

"အစ်ကို သတိထားအုန်း သွေးတွေထွက်နေပြီ"

နှုတ်ခမ်းမှသွေးတွေကိုသုတ်ကာ

"Jeon မင်းအရင်သွားနှင့်တော့ ငါနောက်မှလိုက်လာမယ်"

"ဟင်"

ရုတ်တရက် ကြောင်သွားရသည်ပြောနေကျ နာမ်စားလေး
"ကိုယ်" ဆိုတာကိုမသုံးတော့ဘဲ "ငါ"တဲ့
"ကလေး"ဆိုတဲ့နာမ်စားလေးရော အဲ့အစား "Jeon"တဲ့

"အစ်ကို ပတ်ဝန်းကျင်ကိုဂရုစိုက်နေစရာမလိုဘူး အစ်ကိုကအဲ့လိုမဟုတ်ဘူးဆိုတာလည်း ကျွန်တော်သိတာဘဲလေ"

"သွားပါတော့ မင်းအရင်သွားတော့ ငါနောက်မှလိုက်လာမယ်လို့ "

ခေါင်းမာလွန်းတဲ့အစ်ကို့ကို ဖြောင့်ဖြလို့ရမယ်မထင်ပါ
ဒါကြောင့် သူ့ကိုစိတ်အနားပေးရန် အရင်ထွက်သွားဖို့
ဆုံးဖြတ်လိုက်သည်

"မြန်မြန်လိုက်လာခဲ့နော် စောင့်နေမယ်"

ငယ်ငယ်ထဲကအချိန်တွေအတူတူကုန်ဆုံးခဲ့ဖူးတာကြောင့် အစ်ကို့အကြောင်းကိုသူသိတယ် အစ်ကိုကခေါင်းမာတယ်
ခေါင်းမာသလောက်စိတ်ထားလေးကအရမ်းနူးညံ့တယ်
မဟုတ်တာစွဲစွပ်ခံရရင်သူအရမ်းဝမ်းနည်းတက်တာ
အစ်ကိုကသူ့တန်ဖိုးကိုအရမ်းဂရုစိုက်တက်တာ သူ့အပေါ်လူတွေအထင်သေးမှာကိုလည်းမလိုလားဘူး ဒါတွေက ငယ်ငယ်ထဲက အစ်ကို့ရဲ့ပုံစံ
အစ်ကိုတို့မိသားစုဆိုတာကလည်း ဆွေကြီးမျိုးကြီးထဲကဘဲလေ အခြေအနေတစ်ခုခုကြောင့်သာ အစ်ကိုတို့က အထည်ကြီးပျက် ဖြစ်သွားတယ်ဆိုပေမဲ့လည်းပေါ့ဗျာ

Sugar Baby[Completed]Hikayelerin yaşadığı yer. Şimdi keşfedin