✨🐍တော်ဝင်မိသားစု ပြန်လည်ပေါင်းစည်းခြင်း🐍✨/✨🐍ေတာ္ဝင္မိသားစု ပြန်လည်ပေါင်းစည်ြး

Start from the beginning
                                    

"မင်းကကြံ့သားရဲဆိုတော့ အရမ်းကြီးတယ်..။ ဒါကြောင့် မင်းကိုလက်ထိပ်ခတ်ဖမ်းလို့မရဘူး။ မြန်မြန်လူပြန်ပြောင်းစမ်းပါဟ..." ရဲသားအချို့က ကြံ့ကြီးတစ်ကောင်အား ဝိုင်း၍ပြောဆိုဖြောင်းဖျနေကြ၏။

 မြေပြင်ပေါ်တွင်မှောက်ရက်ကလေး လှဲနေသော ကြံ့ကြီးမှာ ရဲများအားမကျေမနပ်ကြည့်နေသော်လည်း သူကမလှုပ်ရှားနိုင်ဖြစ်နေရှာ၏။ သူက ဘာမှမသိတဲ့ဖြူစင်သူလေးပါနော်။ ရုတ်တရက်ကြီး အဘယ့်ကြောင့် သားရဲအသွင်ပြောင်းသွားသည်ကို သူမသိသလို အဘယ့်ကြောင့်လူသားအသွင်ပြန်၍မပြောင်းနိုင်တော့သည်ကိုပင် မသိပါချေ။

ဖြောင်းဖျနေသော ရဲသားလေးက မလှုပ်မယှက်ဖြစ်နေသည့်ကြံ့ကြီးကိုကြည့်ကာ မျက်မှောင်ကြီးကြုတ်သွားလေသည်။ တစ်ချိန်တည်းမှာပင် ကယ်ဗင်ရောက်ချလာပြီး တန်ချိန်အနည်းငယ်လေးသော ကြံ့ကြီးအားကောက်မကာ အပြင်သို့ထွက်သွားလေသည်။ ထို့နောက် ထိုကြံ့ကြီးအား အခုမှမောင်းဝင်လာသော ထရပ်ကားကြီးပေါ် ပစ်တင်လိုက်၏။

 အားစိုက်စရာပင်မလိုပဲ အရာအားလုံးလုပ်ပြီးသွားပြီးနောက် ကယ်ဗင်ကပြုံးလိုက်ကာ သားရဲအသွင်ပြောင်းသွားသည့် သားရဲလူသားအားလုံးကို ဖမ်းဆီးလိုက်လေ၏။

 ဤလူများက သူ၏မျက်စိရှေ့တွင် ပြဿနာရှာရဲကြသည်။ ကယ်ဗင်က ပို၍ပင်နက်ရှိုင်းစွာပြုံးလိုက်၏။

ကယ်ဗင်၏အပြုံးကိုမြင်လိုက်ကြရသည့် ရဲသားများမှာ တုန်ယင်သွားကြလေသည်။ သူတို့၏အရာရှိပြုံးလိုက်တိုင်း.... မကောင်းသည့်တစ်စုံတစ်ရာကြုံရသည်လေ...။

 သို့သော်လည်း သားရဲတစ်ပိုင်းလူသားများစွာက အက်ဂါနှင့်ကယ်ဗင်အား စိတ်လှုပ်ရှားစွာကြည့်နေကြတော့၏။

"အရှင့်သားက သောက်ရမ်းမိမိုက်ချောမောနေတာပဲ..."

"အဲ့ဒီရဲကြီးကလည်း သောက်ချောကြီးပဲ..။ သူက ငါတို့ဘက်က ကူညီပေးသေးတယ်.."

 "အရှင့်သားကို ကြိုက်လိုက်တာ..."

 "အရှင့်သားက အရမ်းသွေးအေးတာပဲ..။ ငါအခုလေးတင် သေလောက်အောင်ကြောက်သွားရတာ....။ ရဲသားအစ်ကိုကြီးက ချဥ်းကပ်ရလွယ်တဲ့ပုံပဲ..."

Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now