The opposite sides of love
ဆောင်းဦးရာသီအစမို့ နှုင်းမြူတို့အုံ့မှိုင်းလျက်
ကြွေကျနေသာ ချယ်ရီပန်းတို့နှင့်
တန်ဆာဆင်ထားသော
ကျောက်စရစ်လမ်းလေးအဆုံးတွင်
အေးချမ်းတိတ်ဆိတ်တဲ့ church ကျောင်းလေးမှ
ဆည်းလည်းသံလေးများက လွင့်ပျံ့လာသည်။
" ဘုရားသခင်ကျေးဇူးတော်ကြောင့် သူ့အပေါ်
ကောင်းခြင်းများ ကျရောက်ပါစေ .."
မှိတ်ထားသော မြင်လွှာများကြား
တစ်စုံတစ်ယောက်ရဲ့ပုံရိပ်ဟာ တဝဲလည်လည်
အဆုံးသတ် ဆုတောင်းပြီးချိန်တွင် ထို church
ကျောင်းလေးမှ chanyeol ထွက်လာခဲ့သည် ။
ဒီနေ့က နိုဝင်ဘာလ ၆ရက်
Church ကျောင်းနားက သစ်ပင်လေးမှာ chanyeol မှီထိုင်လိုက်သည် ။
အင်းပေါ့ သစ်ပင်ကိုပဲမှီရတော့မှာပဲလေ မှီနေကြ
ကျောပြင်မရှိခဲ့တာကြာပြီ
* ခင်ဗျားရေ ဒီနေ့ခင်ဗျားမွေးနေ့နော် ကျွန်တော့်အနားက ခင်ဗျားထွက်သွားတာလဲ ဒီလိုနေ့မျိုးမှာပဲ
ခုဆို ၇နှစ်တောင်ရှိပြီ ခုချိန်ခင်ဗျားဘာလုပ်နေမလဲဟင် ပျော်နေမှာလား
ကျွန်တော့်ကိုရော လွမ်းနေလောက်လား *
* အာ ကျွန်တော် စိတ်ကူးယဉ်လွန်သွားပြီထင်တယ် မချစ်လို့ပစ်သွားပြီးမှပဲ
ဘာကိစ္စ ကျွန်တော့်ကိုလွမ်းမလဲ
အဟက် *
မျက်ရည်စများဝေ့သီလျက် တွေးနေမိသည်။
သူထားခဲ့တာ ၇နှစ်ရှိပြီ သူ .... သူဆိုတာ wu yifan
Chanyeolကို လိုက်ခဲ့တုန်းကလည်း
လေးနက်မှုမရှိပါပဲနဲ့
လမ်းခွဲစကားပြောတော့လည်း
အပြုံးမပျက်ပြောနိုင်တဲ့သူ
တကယ်ရော ချစ်ခဲ့တာလားလို့တောင်chanyeolသံသယဝင်ခဲ့တဲ့အထိ
ဂရုမစိုက်ပေါ့ပျက်ပျက်နဲ့ လူရှုပ်လူပွေတစ်ယောက်
သူ့ကိုချစ်မိကတည်းက ဝမ်းနည်းနာကျင်ရတာဟာ
ခုထိ အရှိန်မသေသေးဘူး ။
" ယောကျ်ားလေးနှစ်ယောက်ကြားကချစ်ခြင်းဟာ
ခိုင်မြဲနိုင်ပါ့မလား chanyeol !!
ရေရှည်လက်တွဲဖို့အဆင်ပြေမယ်လို့ မထင်ဘူး
မင်းကိုယူပြီးမှ နောက်မိန်းကလေးတစ်ယောက်ကို စိတ်မလည်ပါဘူးလို့ ကိုယ် အာမမခံဘူး "
ဆိုတဲ့ စကားလုံးများနဲ့ chanyeol ကို လမ်းခွဲခဲ့တဲ့သူ
ŞİMDİ OKUDUĞUN
The Opposite Sides Of Love