"လာ ကော သွားမယ်"

"ရှောင်းကျန့် မလိုက်ရဘူး"

အမြဲတစေ နူးညံ့နေခဲ့သော လီယို့မျက်လုံးတွေက နီရဲနေသည်။ရှောင်းကျန့်လက်ကိုဆွဲထားသည့်လက်မှာလည်း ပိုမိုတင်းကျပ်လာသည်။

"ကော လိုက်မှာလား နေခဲ့မှာလား"

"ငါ..."

ရှောင်းကျန့်က ရိပေါ်ကိုလှည့်ကြည့်သည်။
ရိပေါ်က ဘာကိုမှဂရုမစိုက်သည့်ဟန်ဖြင့်
ပခုံးတွန့်ပြသည်။
လီယိုက ရှောင်းကျန့်၏လက်တစ်ဖက်ကို လွှတ်ချလိုက်သည်။

"ကော လီယိုသွားပြီ"

လီယိုက ကျောခိုင်းပြီး အတော်ဝေးဝေးရောက်သွားသည့်တိုင် ရှောင်းကျန့်က
နေရာမှမရွေ့သေး။ ရိပေါ်နှုတ်ခမ်းမှာ
မဲ့ပြုံးတစ်ချက်ထင်လာသည်။

"ဆောရီး ရိပေါ်
ငါလိုက်သွားမှဖြစ်မယ်"

ရှောင်းကျန့်က ရိပေါ်လက်ကို ဆတ်ခနဲ ရုန်းပြီး ခါချကာ လီယို့နောက်ပြေးလိုက်သွားသည်။
ဒီတစ်ခါ နေရာက မရွေ့နိုင်သူမှာ ရိပေါ်ပင်။
အချိန်အတော်ကြာသည်အထိ သူ နေရာမှမရွေ့။

ရှောင်းကျန့်ချန်ထားခဲ့သည့် နေရာမှာ ရိပေါ်ရပ်ကျန်နေခဲ့ပါသည်။
ရှောင်းကျန့်ခါချခဲ့တာ ရိပေါ်၏လက်တစ်ဖက်မဟုတ်ပဲ ရိပေါ်၏ နှလုံးသားတစ်စုံဆိုတာ
ရှောင်းကျန့်တစ်ယောက် သိပါလေစ။

အိမ်ထဲပြန်မဝင်ခင် ခပ်လှမ်းလှမ်းမှာ ကျနေတဲ့ အထုပ်ကိုကောက်ယူကြည့်လိုက်တော့
ဒူးရင်းရေခဲမုန့်ဘူးလေး ဖြစ်သည်။
ရိပေါ်တို့နှစ်ယောက်ကို ဆွဲရင်း ကျနေခဲ့တာဖြစ်မည်။

ရှောင်းကျန့်က ရိပေါ်မသိအောင် အခြားတစ်ယောက်ယောက်နှင့် အပြင်သွား၍
ပြန်လာသည့်အခါတိုင်း ရိပေါ်အတွက် ဒူးရင်းရေခဲမုန့် ဝယ်လာလေ့ရှိပါသည်။

ဒူးရင်းဆို အနံ့တောင်မခံနိုင်သည့်
ရှောင်းကျန့်က လမ်းကြုံဝယ်လာတာလို့ အမြဲ ပြောပေမယ့် သူ့အတွက် တကူးတကဝယ်လာမှန်း ရိပေါ်သိပါသည်။
ရိပေါ် သိနေခဲ့ပါသည်။

▪▪▪▪▪▪▪▪▪▪▪▪▪▪▪

ရပ်ကွက်ပန်းခြံထဲက ခုံတန်းရှည်ပေါ်တွင်
ရှောင်းကျန့်က လီယို့မျက်နှာပေါ်မှ ယောင်နေတဲ့ဒဏ်ရာတွေကို ဆေးထည့်ပေးနေသည်။

"ရိပေါ်အစား ကောပဲတောင်းပန်ပါတယ်"

"သူလုပ်တာကို ကောက အစားတောင်းပန်ပေးစရာ ဘာအကြောင်းမှမရှိဘူးနော်"

"လီယိုရယ်... သူ့အကြောင်းလည်း သိရဲ့သားနဲ့"

"သိတယ်...ကျွန်တော်သိပ်သိတာပေါ့ ကောရဲ့
ကောထက်တောင် ပိုသိသေးတယ်"

"ဟုတ်ပါပြီ ဟုတ်ပါပြီ စိတ်လျှော့နော်
နောက်ရက်ကျမှ ဆေးဘူးတွေ အတူတူထပ်ဝယ်ရအောင်"

"ဟုတ်"

"ဒီလိုမှပေါ့ ကောတို့လီယိုလေးက လိမ္မာပါတယ်"

"..."

"အဲ့တာဆို ကောတို့ ပြန်ကြရအောင်
ဆေးလည်းထည့်ပြီးပြီပဲ"

"ဟုတ်"

ရှောင်းကျန့်က အရင်မတ်တပ်ထရပ်ကာ သွားဖို့ပြင်သည်။ ရုတ်တရက် လီယိုက လက်တစ်ဖက်ကို လှမ်းဆွဲကာ ရှောင်းကျန့်ကိုရင်ခွင်ထဲထည့်လိုက်သည်။

"လီ...လီယို"

"ငြိမ်ငြိမ်လေးနေပေးပါ ကော ခဏပဲ"

ရှောင်းကျန့်က လီယို့စကားအတိုင်း ငြိမ်နေပေးသည်။ ဘာစကားမှ မဆိုပေ။
အတော်ကြာတော့ ရှောင်းကျန့်က လီယို့ထံမှ ခွာလိုက်သည်။

"ပြန်ရအောင်"

"ကော"

"..."

"လီယို ကောကိုချစ်တယ်"

By Fair Means or Foul || Completed ||Nơi câu chuyện tồn tại. Hãy khám phá bây giờ