#Extra

6.5K 644 53
                                    

" အယ် ယုန်လေးတွေ "

ဖွေးဆွတ်ဆွတ်ယုန်လေးတွေ။

ဝါးလှောင်ချိုင့်လေးထဲကနေ တံခါးဖွင့်ပေးလိုက်တာနဲ့ ပြေးထွက်လာတာ အူယားစရာ။

နှဖူးမှာလဲ နှဖူးစည်းဖြူလေးတွေနဲ့ရယ်။

မျက်လုံးကြည်ကြည်တောက်တောက်တွေက ပွေ့ပိုက်ထားတဲ့ သက်လျာဆီကို မော့ကြည့်ကာရယ်။

ဖြူဖြူလုံးလုံးယုန်ကလေးတွေက နားရွက်တထောင်ထောင်ရယ်။

" မောင်.... "

အပြုအမူတစ်ခုစီတိုင်းကို တမေ့တမောငေးနေတဲ့ မောင်က ခေါ်လိုက်မှအသိဝင်လာသလို။

" ပြောလေ သက်လျာ "

အထိန်းတော်ဆီက မုန်လာဥတွေကို ခြင်းနဲ့ယူလိုက်တဲ့ မောင်။သက်လျာခြေရင်းက ယုန်လေးတွေဘေး ချပေးတယ်။

" နှဖူးစည်းကို ဖြုတ်လိုက်လို့မရဘူးလား "

" သက်လျာ လူမြင်ကွင်းကြီးမှာလေ နေ့လည်ဘက်ပဲ ရှိသေးတာကို ညကျမှလေ "

" မောင်!!! "

ရဲဆွေးသွားတဲ့ ပါးပြင်တွေနဲ့ရယ်။

မျက်စောင်းလေးဝင့်လို့။

" သက်လျာက ယုန်နှဖူးစည်းကို ပြောတာ! "

" အော် မောင်ကမသိပါဘူး သက်လျာက ညတုန်းကလို "

နှုတ်ခမ်းပေါ်ကို ထိကပ်လာတဲ့ လက်ဖဝါးနုနုထွေးထွေးလေးတွေ။

ပြုံးစစနဲ့ စနေတဲ့ ဧကရာဇ်ကြောင့် အထိန်းတော်တွေရှောင်ထွက်သွားတယ်။

" ဘယ်လိုဖြစ်နေမှန်းမသိဘူး မောင်က အရမ်းအရှက်မဲ့တာပဲ "

" အော်ဟော် ဧကရီ! အခုဧကရာဇ်ကို အရှက်မဲ့တယ်လို့ သုံးလိုက်တာလား "

" ခစ်ခစ် "

" အော်ဟော် အခုထပ်လှောင်နေတာပေါ့လေ "

သက်လျာခြေရင်းကို တိုးဝှေ့နေကြတဲ့ ယုန်လေးတွေနဲ့အတူ သက်လျာကိို ဧကရာဇ်ဝတ်ရုံအရှည်ကြီးနဲ့ ထွေးပွေ့လိုက်တော့ ရှက်သွားတဲ့ သက်လျာ။

ရွှေရောင်နဲ့ အနီရောင်ပေါင်းစပ်ထားတဲ့ ဧကရီဝတ်ရုံတော်ဟာ သက်လျာရဲ့ အဖြူရောင်ဝတ်ရုံကို မမှီနိုင်တဲ့အခါ နှစ်ပေါင်းများစွာ ကျက်သရေရှိ ဧကရီဝတ်ရုံတော်က အဖြူရောင်ပြောင်းကာရယ်။

မောင့်သက်လျာ / ေမာင့္သက္လ်ာ [ 𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃 ]Where stories live. Discover now