#2

6.5K 783 35
                                    

မောင်နဲ့သက်လျာတို့ ချစ်သူသက်တမ်းတစ်လပြည့်။

ဖူးစာကြိုးနီဆိုတဲ့ လက်ပတ်ကလေးကို နှစ်ယောက်သားဆင်တူပတ်ရင်း လျှောက်လည်ခဲ့တယ်။

အစေခံတွေက အတင်းသိပ်ပြောတာပဲမောင်။

မောင်ဟာ ကလေကချေပါတဲ့။

နေစရာအိမ်လေးတစ်လုံး ရှိတာကလွဲရင် မိဘအမွေထိိုင်စား နေတဲ့သူပါတဲ့။

လျစ်လျူရှုပစ်လိုက်တယ်မောင်။

မောင့်မှာ အသိုင်းအဝိုင်းရယ်လို့ မရှိဘူးတဲ့။ဆွေမျိုးတွေကလည်း ပစ်ပယ်ထားကြတာတဲ့။

ဥပေက္ခာပြုလိုက်တယ်။

နှစ်ကိုယ်တူ ယှဥ်တွဲနေထိုင်ဖို့ ဘာကိုမှမလိုအပ်ပါဘူး။

တျဲတျဲက မောင်နဲ့ချစ်ကြိုက်နေတာကို သိသွားခဲ့တယ်။

အိမ်တော်ခြံဝန်းကလွဲ အပြင်မထွက်ရဘူးတဲ့။

ချစ်ဦးသူပေးတဲ့ စာတစ်စောင်ကို ငှက်ကလေးသယ်လာခဲ့တယ်။

စိုးထိတ်ကြောက်ရွံ့လွန်းလို့ နှလုံးရပ်မတတ်ပါပဲ။

အဝတ်အထည်တွေကို အထုပ်ငယ်နဲ့စုစည်းရင်း တစ်နေ့လုံး ရင်တွေတလှပ်လှပ် တုန်နေခဲ့တယ်။

အိပ်ဖန်စောင့်တွေမမြင်အောင် ပုန်းကာကွယ်ကာနဲ့ ချိန်းတွေ့ရာ မိုးမခပင်ဆီရောက်လာခဲ့ပြီမောင်။

ကတိစကားတွေ မောင်မတည်ခဲ့ဘူး။

----------------- မောင့်သက်လျာ --------

မြို့တော်ရဲ့ လေချိုဖြန်းတဲ့ ရွှေနန်းတော်။

ဖခမည်းတော် ရုတ်တရက်ကွယ်လွန်တော့မယ်ဆိုတဲ့ စာရောက်လာခဲ့တယ်။

မင်းသားတစ်ပါးတည်းထွန်းကားတဲ့ တိုင်းပြည်မလို့ ခမည်းတော်အရိုက်အရာဆက်ခံလှည့်ပါတဲ့။

နန်းရေးနန်းရာကို စိတ်မဝင်စားတဲ့ မင်းသား။

စိတ်ရှုပ်စရာ နန်းရေးက မောင်လိုချင်ခဲ့တာ မဟုတ်ဘူး။

နယ်မြို့လေးမှာ ရစ်သီရစ်သီလုပ်နေတဲ့ မင်းသားတစ်ပါး။

သခင်လေးအမည်ခံပြီး နေအိမ်လေးတစ်လုံးနဲ့ နယ်မြို့မှာအပူအပင်မရှိပဲ နေချင်ခဲ့တာ မောင့်စိတ်ကူး။

မောင့်သက်လျာ / ေမာင့္သက္လ်ာ [ 𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃 ]Where stories live. Discover now