♧16♧

2.7K 345 47
                                    

"Intern"

"ဗျာ"

"ဒီဇိုင်းဌာနကအဖွဲ့မှူးလီ သူတို့ဌာနမှာလူမ​လောက်ဘူးဖြစ်​နေလို့အားရင်လာကူညီ​ပေးပါဦးတဲ့"

ကြားလိုက်ရတဲ့စကား​ကြောင့်သူ့အနားမှာလက်ပစ်ဗုံး ၃လုံး​လောက်ဆင့်​ပေါက်သွားသလိုနားထဲမှာမြည်ဟီးတုန်ခါသွားရသည်။

"ကျွန်​တော်အခုမအား​သေးဘူး။ မင်းသားဂျွန်​ဂျောင်ကုရဲ့ drama အသစ်နဲ့ပတ်သက်ပြီး article ​တွေတက်လာလို့... အဲ့ဒီက comment ​တွေကို reply ပြန်​နေရတယ်"

"အဲ့ဒါ​တွေက​နောက်မှလုပ်လည်းရပါတယ်။ သွားကူ​ပေးလိုက်ပါ"

"ဟုတ်ကဲ့ပါ ဌာနမှူး"

​ဆော့ဂျင်​လေးလံတဲ့​ခြေလှမ်း​တွေနဲ့ဒီဇိုင်းဌာနဘက်ကိုဦးတည်ရ​တော့သည်။ တကယ်​တော့ဒီဇိုင်းဌာနမှာသူလုပ်နိုင်တဲ့အလုပ်ရယ်လို့မယ်မယ်ရရမရှိပါ။ အဲ့ဒါကိုသိရက်နဲ့သူ့ကိုလာကူဖို့​ခေါ်ခိုင်းတယ်ဆိုတာ​သွေးရိုးသားရိုးမဟုတ်မှန်းသူခန့်မှန်းမိပါသည်။

"အဖွဲ့မှူးလီ...ကျွန်​တော့်ကို​ခေါ်တယ်ဆိုလို့"

"ဒီ​နေ့sponsorအဝတ်အစား​တွေ​ရောက်မှာ။အဲ့ဒါ​တွေကိုဒီကိုသယ်လာ​ပေးလို့ရမလား။ ဒါ​ပေမယ့်ဒီမှာဘယ်သူမှမအားကြဘူးဆို​တော့​ဆော့ဂျင်တစ်​ယောက်တည်းပဲသယ်ရမယ်ထင်တယ်"

"သယ်လို့ဖြစ်ပါတယ်..ဒါ​ပေမယ့်ဓါတ်​လှေကားကပျက်​နေ​တော့..."

"အဲ့​တော့ ငါကဘာလုပ်​ပေးရမှာလဲ။ ဓါတ်​လှေကားအရင်ပြင်​ပေးရမှာလား"

"အဲ့လိုမဟုတ်ပါဘူး"

"ဟက်..အလုပ်​တောင်မလုပ်ရ​သေးဘူး ဆင်​ခြေကအရင်လာ​နေပြီ။ ပစ္စည်းသယ်တဲ့အလုပ်မှမဟုတ်ရင်တခြားလုပ်နိုင်တဲ့အလုပ်ရှိလို့လား။ ဦး​နှောက်မ​ကောင်းရင်လည်းခွန်အားဖြစ်ဖြစ်သုံးပြီး​ငွေရှာရမှာ​ပေါ့"

"ရပါတယ်..ကျွန်​တော်လုပ်နိုင်ပါတယ်"

"ပစ္စည်း​တွေကတန်ဖိုးကြီးတာ​တွေချည်းပဲ​နော်။ အမှားအယွင်းဖြစ်လို့မရဘူး..ကြားလား"

"ဟုတ်ကဲ့"

"ရပြီ..သွား​တော့"

ဘယ်​လောက်ပဲလီချန်းမင်း​ရှေ့​ရောက်ရင်​ခေါင်းငုံ့မခံဘူးဆိုပြီးကြုံးဝါးထား​ပေမယ့်အထက်လူကြီးဆိုတဲ့ပါဝါကိုသုံးပြီးဗိုလ်ကျ​နေပြန်​တော့သူ့မှာသည်းခံ​နေရသည်။ဘဏ်ကိုအ​ကြွေးဆပ်စရာ​တွေကလည်းရှိ​နေ​သေး​တော့ဒီအလုပ်မှာကြာကြာမြဲပြီးပုံမှန်ဝင်​ငွေရှိ​နေမှဖြစ်တဲ့သူ့အတွက်လီချန်းမင်းနိုင်စားသမျှခံရုံပဲရှိ​တော့တာ​ပေါ့။

Sincerely, Yours (✔)Where stories live. Discover now