ညီအစ်ကိုဆက်ဆံရေး?
ဆေးခန်းကိုသွားပြတော့ နေမကောင်းကိုယ်ပူလွန်တာတဲ့ ပြီးတော့အားလည်းမရှိဘူးတဲ့လေ အိပ်ရေးပျက်တဲ့ရက်တွေများလောက်မယ်တဲ့။
စံပြတက္ကသိုလ်ကျောင်းသားလေးက ညဘက်တွေထိစာတွေကြိုးစားပမ်းစားလုပ်တယ်နဲ့တူပါတယ်။ခေါ်သွားစရာနေရာမရှိ အိမ်ကိုသာခေါ်လာခဲ့သည်။
ခြံဝန်းထဲထိခေါ်လာတုန်းကအလုပ်သမားတွေရဲ့အံ့သြတဲ့အကြည့်။ဆိုးပေ ပေမယ့်လူတစ်ယောက်ကိုအိမ်ထဲပွေ့ချီခေါ်လာတတ်ခဲ့တဲ့သူမျိုးမဟုတ်တော့လေ။ အဖေကအလုပ်ကပြန်မရောက်သေး။ တွေ့သွားသောအမေကမေးရှာသည် ဘယ်သူလဲတဲ့..
သား ယောကျာ်းခိုးလာတာလို့ပြောလိုက်ကာအိမ်ပေါ်ထပ်ကိုတက်လာခဲ့သည်။ ခုမခိုးရလည်းနောက်ခိုးမှာ။ တက္ကသိုလ်ကျောင်းသားလေး ပညာသင်နေတာမပြီးသေးလို့စောင့်ပေးနေတာ။
ကုတင်ပေါ်တင်ရင်း ဝဲကျနေတဲ့ဆံပင်လေးတွေကိုသပ်တင်ပေးလိုက်သည်။ မျက်နှာလေးကဖြူလျော့လျော့ ကျွန်တော်က ကျွန်တော်ချစ်ကြောင်းသဘောကျကြောင်းပြောလိုက်လို့ ရှက်သလို မျက်နှာတစ်ခုလုံးသွေးရောင်ရဲရဲဖုံးနေတဲ့မျက်နှာလေးကိုသဘောကျတာ
ဒါဆို မင်းကဒီဖြူတော့တော့မျက်နှာလေးကိုမချစ်ဘူးလားဆိုရင်လည်းမဟုတ်ရပြန်ဘူး တက္ကသိုလ်ကျောင်းသားလေးကိုရင်ထဲအသည်းထဲကထိချစ်တာ သွေးရောင်လွှမ်းနေတဲ့ခပ်ရဲရဲမျက်နှာလေးကျအားလုံးထပ်ပိုသဘောကျတာ...
စီးကရက်တွေထပ်ရော..အနက်ရောင်ဂျက်ကတ်တွေထပ်ရော...
ချယ်ရီဖူးရောင်နှုတ်ခမ်းသားတို့ဆို စတော်ဘယ်ရီစုတ်လုံးလေးထပ်တောင်ပိုသဘောကျသေး။
D W Y
အကျီချွတ်ကာ workout လုပ်နေရင်း နေမကောင်းသူအားစောင့်ပေးနေလိုက်သည်။ ဒီညနှိုးတောင်နှိုးပါ့မလားပဲ ဆရာကဆေးထိုးပေးလိုက်တာ။ stress တွေလည်းရှိနေတယ်တဲ့ ကျွန်တော်မသိနိုင်တဲ့ တက္ကသိုလ်ကျောင်းသားလေးရဲ့တစ်ဖက်ခြမ်းကိုမြင်အောင်ကြည့်နိုင်ဖို့ ကူပြီးခံစားပေးနိုင်ဖို့ဆို တက္ကသိုလ်ကျောင်းသားလေးနဲ့သူ့ရဲ့ကြား အတိုင်းအတာတစ်ခုထိဆက်ဆံရေးလိုအပ်တယ်။
![ᴅ ᴀ ᴛ ᴇ ᴡ ɪ ᴛ ʜ ʏ ᴏ ᴜ 🌟 [Koo×Min]](https://img.wattpad.com/cover/284702673-64-k270769.jpg)