ဒီအချက်အလက်တွေအားလုံးကို စာမူထဲမှာ အကြမ်းရေးထားပြီးသားဆိုတော့ အခုချိန် အသုံးပြုဖို့ အသင့်တော်ဆုံးပဲ..!

“မင်းကြည့်ရတာ ဒီအကြောင်းတွေကို ကောင်းကောင်းသိနေသလိုပဲ..?”

ရင်းဆုယဲ့က လမ်းလျှောက်နေရာမှ ရပ်တန့်လိုက်ပြီး ရွှယ်ယို့ရှန်းရဲ့ မေးဖျားကို လက်ဖြင့်ပင့်ကိုင်ကာ မျက်လုံးချင်း အကြည့်စုံစေလိုက်တယ်။ ရွှယ်ယို့ရှန်း ထုတ်ပြောလာတဲ့ အချက်အလက်တွေက အတိတ်ဘဝတုန်းက ရတနာတွေကို သူ အသုံးပြုခဲ့ပုံနဲ့ ဘာလို့ တစ်ထပ်တည်း တူနေရတာလဲ..?

ဒီအချက်မှာတော့ ရွှယ်ယို့ရှန်းကို သံသယမဝင်ပဲ မနေနိုင်တော့ဘူး။

“…………”

ရင်းဆုယဲ့ရဲ့ အမူအရာက ပုံမှန်မဟုတ်မှန်း သတိထားမိလိုက်မှ ရွှယ်ယို့ရှန်းလည်း ကိစ္စတစ်ခုကို သတိရလိုက်တယ်။ ရင်းဆုယဲ့ကို ဖျောင်းဖျဖို့ ကြိုးစားနေတာနဲ့ သူတို့က အခုမှတွေ့ဖူးတဲ့ လူတွေဆိုတာ မေ့သွားခဲ့တာပဲ။ ပုံမှန်အတိုင်းဆို တစ်ဖက်လူရဲ့ နေထိုင်မှုဘဝကို သိနေဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူးလေ။

ဆိုးလိုက်တာ.. အကြောင်းစုံသိနေတာလည်း တစ်ခါတလေ မကောင်းဘူးဟ..!

…………………………………….

Zawgyi

“ကျွန်တော့ကို စောင့်ဦးလေ.. အာ…”

ရင်းဆုယဲ့က သူ့ကို မစောင့်သည့်အပြင် နည်းနည်းလေးတောင် ဂရုမစိုက်ပဲ ထွက်သွား‌တာကို တွေ့လိုက်တော့ ရွှယ်ယို့ရှန်းလည်း ထိတ်လန့်သွားပြီး ချက်ချင်း အပြေးလိုက်သွားရတော့တယ်။ ဒါပေမဲ့ စက္ကန့်ပိုင်းအတွင်းမှာပဲ ပြန်လှည့်လာခဲ့ရပြန်တယ်။ အခုလေးတင် သိုလှောင်လက်စွပ်ထဲက သူ,ထုတ်ပစ်ခဲ့တဲ့ ရတနာပစ္စည်းတွေကို ပြန်မသိမ်းရသေးဘူးလေ..!

သူက ဆင်းရဲသားလေးဆိုတော့ ရင်းဆုယဲ့လိုမျိုး ရတနာပစ္စည်းတွေအပေါ် အသုံးမလိုတဲ့ပုံစံနဲ့ မောက်မောက်မာမာ မဆက်ဆံနိုင်ဘူး။ လွှင့်ပစ်ပြီး မဖြုန်းတီးပစ်နိုင်ပါဘူး။ ရတနာတွေကို သိုလှောင်လက်စွပ်ထဲ အမြန်သိမ်းဆည်းပြီးတာနဲ့ ရင်းဆုယဲ့နောက်ကို အမြန်ပြေးလိုက်သွားတော့တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now