ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (3.2)

Start from the beginning
                                    

.... ...... ..... ........ .........

ကုတင်ပေါ်မှာရှိနေတဲ့ လုလင်ပျိုလေးကို ကြည့်ပြီး ကျိုးရိကျယ် မျက်ခုံးနှစ်ခုကြားကနေရာလွတ်ကို ​ပွတ်သပ်လိုက်တယ်။ပြသာနာတော့ တက်ပြီ.....
တစ်ညလုံးဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို လုလင်ပျိုလေးရဲ့ ခန္ဓာကိုယ်တစ်ခုလုံးပေါ်က အမှတ်အသားတွေက သက်သေခံပေးနေကြတယ်။ကောင်လေးက အခုချိန်မှာ လုံးဝသတိမကပ်တဲ့ပုံနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတယ်။ကောင်လေးရဲ့ အသွင်ပြင်က လုံးဝနူးညံ့ချောမွေ့နေတဲ့ ပြစ်မျိုးမှဲ့မထင် အလှလေးတစ်ယောက်လိုပဲလေ။ဒါက သူ့ရဲ့ စိတ်ကူးယဉ်မှုတွေပါပဲ။ဒီကောင်လေး နိုးလာတဲ့အခါ အခုလို အေးချမ်းလှပတဲ့ မြင်ကွင်းကို ထပ်မြင်ရတော့မှာ မဟုတ်တော့ပေ......

ကျိုးရိကျယ် သက်ပြင်းချလိုက်မိတယ်။ သူ့ဘယ်လိုလုပ် ထိလောက်အထိတောင် အထိန်းအကွပ်သွားရတာလဲ??ဒါ့အပြင် တစ်ညလုံး ဒီကောင်လေးကို သူ့ပိုင်ဆိုင်တဲ့ ကိုယ်ပိုင်အရုပ်ကလေးတစ်ခုလို ဘယ်နှကြိမ်တောသ် သိမ်းပိုက်လိုက်မိတယ်ဆိုတာကိုတောင် မမှတ်မိတော့ဘူး......

ဒီကောင်လေးသာ တစ်ခြားသူတစ်ယောက် ဖြစ်နေရင်ဘယ်လောက်ကောင်းမလဲ?ဒါပေမယ့် ဒီကောင်လေး က သူ့နဲ့ ဆက်ဆံမပြေလည်တဲ့ သူ့ညီလေးရဲ့ ချစ်သူတဲ့.....
လောဘကြီးတဲ့ စုန်ယုရီဆိုတဲ့ အမျိုးသမီးကို ခေါင်းထဲသိပ်မထည့်ထားပေးမယ့် သူ့ညီကိုလဲ ကျိုးရိကျယ် တကယ် မနှစ်မြို့ပါဘူး။ ငယ်ငယ်တုန်းကဆို ကျိုးရိကျယ်နောက်ကို တကောက်ကောက်လိုက်ပြီး ကျိုးရိကျယ်ကို လေးစားခဲ့တဲ့ ကျိုးရိအန်က အခုချိန်မှာ ကြီးလေ ချဉ်လေ သံပုရာသီးတစ်လုံးသဖွယ်.....

အခုတော့ သူ ကျောက်ချင်နဲ့ အိပ်လိုက်မိပြီ...ဒါက ကျိုးရိကျယ်ကို နည်းနည်းတော့ အရှက်ရစေတယ်။

တစ်ညလုံး ကျောက်ချင် အော်ဟစ်ငြီးငြူခဲ့တာတွေကို ပြန်တွေးမိတဲ့အခါ ကျိုးရိကျယ် ပိုပြီးရှက်လာခဲ့တယ်။အသနားခံပြီး ငိုရှိုက်နေရာကနေ ဆေးရဲ့အစွမ်းပြမှုအောက်မှာ အရှက်အကြောက်ကြီးပြီး ဖြုစင်တဲ့ အသွင်သဏ္ဍာန်ကနေ ပူပြင်းပြီးရမက်သွေးကြွယ်နေတဲ့ အသွင်ကို ကူးပြောင်းသွားတဲ့အခါ ဒီအရသာက အလွန်လေးနက်ပြီး ပူပြင်းတောက်လောင်နေသလိုပင်...ကျိုးရိကျယ် ဒါက လုံးဝနောင်တနေမှာ မဟုတ်တော့ပေ...

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now