First, to the garage

Beginne am Anfang
                                    

" ကားဘီးတွေက နည်းနည်းတော့ ပျက်စီးနေတယ်... တနေ့က အဲ့ဒါကိုပြင်ဖို့ ကိုယ် ဒီကိုပို့လိုက်တာ...ဒါပေမယ့် မနေ့က ရုတ်တရက်ကြီး သူတို့တွေ ဖုတ်ကောင်ဖြစ်သွားကြတယ်...သူတို့ အဲ့ဒါကို ပြင်ပြီးသွားပြီလားဆိုတာတော့ ကိုယ် မသိဘူး... တကယ်လို့ ကိုယ့်ကားသာ မပြင်ရသေးဘူးဆိုရင် အဲ့ဒါက တကယ့်ကို ပြဿနာပဲ "

" အဲ့ဒီပျက်တာကို ဘယ်လိုပြင်ရမလဲ သိလား။ ”  မီးဖိုရှေ့တွင် ချက်ပြုတ်နေသော Huo Zaiyuan က မေးသည်။

" ဒါပေါ့..ဒါက မဖြစ်မနေ သိထားရမယ့် အရာပဲလေ ..."

" ကျွန်တော်သွားပြီးတော့ အကို့ကားနဲ့ ပြင်ဖို့လိုတဲ့အရာ‌တွေအကုန်လုံး ကျွန်တော့်နေရာလွတ်ထဲ ထည့်ယူလာပြီး ဒီဒုတိယထပ်မှာ ပြင်မယ်ဆိုရင်ရော..." ခေါက်ဆွဲနှစ်ပန်းကန်ကို သယ်လာပြီး Huo Zaiyuan က အကြံပေးလိုက်တယ်။

" အင်း...အကြံကောင်းပဲ " Long Zhanye က သဘောတူကြောင်း ခေါင်းငြိမ့်သည်။ " ပြင်တဲ့ဂိုဒေါင်က မျက်နှာချင်းဆိုင်မှာရှိတဲ့ အဆောက်အဦးရဲ့ မြေညီထပ်မှာရှိတယ်...ဆက်ထားတဲ့တံတားကနေ ကိုယ်တို့ လမ်းလျှောက်သွားလို့ရတယ်...ပြီးရင် ပထမထပ်ကိုဆင်းပြီး ကိုယ့်ကားကို ယူလိုက်လို့ရပြီ "

" အိုကေ " Huo Zaiyuan သည် အဆောက်အဦးနှစ်ခုကြား တံတားဖြင့်ဆက်သွယ်ထားသော အကွာအဝေးနှင့် ၎င်းအပေါ်တွင် ဟိုဘက်ဒီဘက် သွားလာနေသည့် ဖုတ်ကောင်များကို ပြတင်းပေါက်မှ ကြည့်လိုက်သည်။ " အကိုကြီးလုံ...နောက်မှ လုပ်ရအောင်...ကျွန်တော်တို့ တတိယထပ်က လက်နက်တိုက်မှာရှိတဲ့ ပစ္စည်းတွေကို အရင်ယူရအောင်..."

သူ မနက်စာလုပ်နေတုန်းမှာပဲ ကန်တင်းမှာရှိတဲ့ အစားအစာတွေ၊ ဂက်စ်အရည်တွေ၊ အိုးတွေ၊ မီးဖိုတွေ အကုန်လုံးကို သူ့နေရာလွတ်နယ်မြေထဲ ရွှေ့လိုက်ပြီ။ အခုတော့ သူ လက်နက်ဂိုဒေါင်ကို ရှင်းလင်းဖို့ပဲ ကျန်တော့တယ်။ ပြီးရင် အကိုကြီးလုံနဲ့သူ နှစ်ယောက်လုံးက အရေးကြီးပစ္စည်းတွေ ကျန်ခဲ့မှာကို စိတ်ပူစရာမလိုပဲ ကားကို သွားယူနိုင်လိမ့်မယ်။ ဒါပေါ့..သူတို့က ကားကိုပြန်ယူလာနိုင်ရင်တော့ အကောင်းဆုံးဖြစ်လိမ့်မယ်..ဒါပေမယ့် အမြဲတမ်း ကြိုတင်ကာကွယ်ထားတာက ပိုကောင်းတာပေါ့။
~~~~~
နံနက်စာစားပြီးနောက် သူတို့နှစ်ဦးသည် လက်နက်တိုက်ကိုရှင်းလင်းဖို့ တိုက်ရိုက်ပဲသွားခဲ့သည်။ Long Zhanye သည် ကျည်ဆန်များများဆန့်သည့် ပိုပြီးပေါ့ပါးတဲ့ ပစ္စတိုတစ်လက်ကို ကောက်ယူကာ ထိန်းချုပ်ပစ္စည်းမတပ်ဆင်ခင် သေနတ်ကို တပ်ဆင်ခြင်းနှင့် ထိန်းညှိခြင်းများ ပြုလုပ်ဖို့အတွက် အချိန်အနည်းငယ်ယူလိုက်သည်။ ထို့နောက် သေနတ်ကို Huo Zaiyuan အား ပေးလိုက်သည်။

အဓိကဇာတ်ကောင်၏ ပြန်လည်မွေးဖွားခြင်း[ Mmtranslation ]Wo Geschichten leben. Entdecke jetzt