ခုချိန်ထိ ချစ်သူမရှိသေးတဲ့သူတွေကို
သနားလွန်းလို့ပါ..ရွှတ်”

“အင် အင် ကိုကို စိုက်ပေးထားမှာမို့ မငိုပါနဲ့
ပိစိလေးငိုရင် ကိုကို့ရင်ကို စနေဂြိုလ် ဝင်တိုက်သလိုဖဲ

အရမ်းခံရခက်လို့ပါ”

“ကိုကိုအကောင်းဆုံး...ကောင်လေးရှိတာ
ပိုက်ဆံချမ်းသာတာထက် ပိုကောင်းတယ်

ပိုက်ဆံရှိပီး ကောင်လေးမရှိရင် အလကားဖဲ”

“ကိုကို့ပိစိလေးကအတတ်လေး ..အာ ဒါလေးစားလိုက်အုံး....”

စကားပြောရင်းအစားခွန့်ကျွေးနေသော
ရှေ့က အတွဲအားကြည့်ရင်း...

လင်လင်နှစ်ယောက်ပေါင်းပီး
အပိုင်ဖဲ့ခြင်းခံနေရတဲ့ သူတွေကတော့....

သွေးအန်ရပါများလို့ ထပ်ပီး အန်စရာမရှိတော့ဘူးတကယ်ပြောတာ သွေးတွေ ကုန်ခမ်းနေပီ...။

~~~~~~~~

“အားး ပရိုင်းကန်းသော်ပီနီလေး လွမ်းလိုက်တာ
Ph ph ph ငါလေးရဲ့ ph ထဲက bl လေးတွေ မကြည့်ရသေးဘူး down ထားတာ လွမ်းတယ် အူးဝါး”

အိပ်ယာထဲမှာ လူးလိမ့်ရင်းအော်နေတဲ့သူကတော့
တံခါးပေါက်ဝမှာ တအံ့တဩနဲ့ကြည့်နေတဲ့
သူကိုမမြင်ပါ....

“မေ နင်!! ဘယ်သူလဲ?”

မေလဲ ရုတ်တရက် ကြားလိုက်ရတာမလို့လန့်ဖျက်သွားမိတာအမှန်

“စောနကပြောတာ ဘာရီး ပရိုင်းကန်းသော်ပီနီဆိုတာလေ”

“အားး ဟို ဟိုဟာလေ”

ပြောရခက်နေတဲ့မေ ကြောင့် ...
သူသိလိုက်ပါပီ အစကနာမည်ဖဲတူပီး
လူကမဟုတ်လောက်ဘူးထင်ခဲ့တာ

အ‌တွေးတွေက
တက်တက်စင်အောင်လွဲနေပါရော့လား....

“ငါ့အခန်းထဲလိုက်ခဲ့”

“ဟုတ်မမကြီး”

ကုတ်ကုတ်လေး လိုက်သွားနေပုံက အိမ်မွှေးကြောင်လေးတွေ ကုတ်ကုတ်လေးနေပုံနဲ့ဆင်၏....

နန်းတင့်တင့်စံက တော့
ရယ်ချင်တာကိုမနဲထိန်းနေရတယ်....

_____________________

ဖူဂျီကြိုးသွယ်🌚(Short Story/ Completed)Where stories live. Discover now