နေ့တိုင်းကြားနေရတဲ့စကားတွေဆိုပေမယ့် ဘယ်နှစ်ခါကြားကြားရိုးမသွားနိုင်ဘဲသူ့ရင်ထဲမှာတဆစ်ဆစ်နာရသည်။ သူကပုံမှန်လူသားတစ်ယောက်ပါပဲ။ ပုံမှန်ထက်ထူးခြားတာဆိုလို့လူတွေရဲ့မျက်နှာကိုမမှတ်မိနိုင်တာပဲရှိတာပါ။ အဲ့ဒါသေလောက်တဲ့အပြစ်ကြီးတစ်ခုလား...
¤¤¤¤¤¤¤¤¤¤¤¤¤¤¤ ¤¤¤¤¤¤¤¤¤¤¤¤¤¤¤
"ဂျင်နီ...ဂျင်နီ... ထတော့လေ။ အလုပ်နောက်ကျနေဦးမယ်။ ဂျင်နီ...ထတော့"
"အင်း"
လူကနိုးနေပြီးအသိဝင်လာပေမယ့်အဆမတန်ကိုက်ခဲနေတဲ့ခေါင်းကြောင့်မျက်လုံးကချက်ချင်းမပွင့်။
"ဂျင်နီ..ဂျင်နီ..ထတော့"
လူကိုအတင်းလာလှုပ်နှိုးနေတဲ့ယွန်ဂီကြောင့်သူ့မှာရှိသမျှအားတွေကိုအကုန်စုပြီးအိပ်ရာကနေကုန်းရုန်းထရသည်။
"အား! ခေါင်းတွေကိုက်လိုက်တာ။ယွန်ဂီချီ..ဘယ်နှနာရီထိုးပြီလဲ"
"7နာရီခွဲ"
"ဟုတ်လား..အဲ့ဒါဆိုရင်အလုပ်နောက်မကျသေးပါဘူး"
"ရော့..ဒီမှာပျားသံပုရာဖျော်လာတယ်။ အမူးပြေအောင်အရင်သောက်လိုက်"
ဆော့ဂျင်ကယွန်ဂီပေးတဲ့ပျားသံပုရာရည်ကိုတစ်ငုံသောက်လိုက်ပြီး...
"အခုမှပဲနည်းနည်းသက်သာသွားတော့တယ်။ ဒါနဲ့ကျွန်တော်ညကအိမ်ကိုဘယ်လိုပြန်ရောက်လာတာလဲ"
"ညကမိုးချုပ်တဲ့အထိအိမ်ပြန်မရောက်လာလို့စိတ်ပူတာနဲ့ဖုန်းဆက်ကြည့်လိုက်တော့လူတစ်ယောက်ကဂျင်နီရဲ့ဖုန်းကိုကိုင်တယ်လေ။ အဲ့ဒီလူကဂျင်နီမူးပြီးမှောက်နေတယ်လို့ပြောပြလို့ ယွန်ဂီချီကိုယ်တိုင်အိမ်ကိုပြန်ခေါ်လာရတာပေါ့"
"လူတစ်ယောက်? ဘယ်သူလဲ"
"မသိဘူးလေ.. ဟိုရောက်တော့ဂျင်နီတစ်ယောက်ပဲတွေ့တယ်။ အနားမှာဘယ်သူမှမရှိဘူး"
"ဟုတ်လား..ငါညကဘယ်သူနဲ့သောက်မိပါလိမ့်"
"ဘယ်လိုဖြစ်တာလဲ..ဘာလို့ညကအများကြီးသောက်လာတာလဲ။ ဘာစိတ်ညစ်စရာရှိလို့လဲ"
YOU ARE READING
Sincerely, Yours (✔)
Fanfiction(Unicode) ဒီကမ္ဘာကြီးပေါ်မှာ မင်းဟာသာမန်လူသားတစ်ယောက်ဆိုပေမယ့် ကိုယ့်ရဲ့ကမ္ဘာမှာတော့ တန်ဖိုးမဖြတ်နိုင်တဲ့အဖိုးတန်လူသားလေးပါ။ ဒီအတိုင်း..မင်းရဲ့ဖြစ်တည်မှုလေးကိုချစ်တယ် Jeon Jung Kook 💜 Kim Seok Jin (Zawgyi) ဒီကမ္ဘာကြီးပေါ်မှာ မင်းဟာသာမန်လူသာ...