🍁Daffodils အပိုင်း(၂၉)ကျွန်တော်နဲ့ခင်ဗျားချစ်သူတွေမှဟုတ်ရဲ့လား

Start from the beginning
                                    

ခုတော့သူကကြားထဲကနေ ခေမီမျက်စောင်းထိုးတာခံနေရပြန်ပြီ။ခုနလေးကပဲကြည့်...ခေမီက ဆူအောင့်အောင့်နဲ့ သူ့အနားရောက်လာပြီး
"မိုးပင်လယ်ကို သူ့အမေက ဖုန်းကိုင်ပါလို့ ပြောခိုင်းနေတယ်"

နွေဉီးမျက်မှောင်ကျုံ့သွားရတယ်။သူကလူနာစမ်းသပ်နေတုန်းလေ..
"နင့်ဘာသာသွားပြောလေ...ငါမအားတာ နင်မမြင်ဘူးလား"

လူနာစမ်းသပ်နေတုန်းကိုယ်ရေးကိုယ်တာတွေလာပြောနေလို့ ဒေါက်တာခေမီတွေ ဘာတွေတောင် မခေါ်နိုင်တော့ဘူး...ခေမီရဲ့ မသိတတ်မှုက ကြာလေ မြင့်လာလေ..သူ့ညီမသာဆို ခေါင်းခေါက်တာနဲ့တောင် ခေါင်းက 'လ' ရဲ့မျက်နှာပြင်လိုဖြစ်နေလောက်ပြီ။

ခေမီလက်လျော့မသွားဘဲ သူ့ဘေးကနေတောက်လျောက်ကပ်လိုက်နေလို့ လူနာဆောင်ထဲကနေဆွဲထုတ်လာခဲ့ရတယ်။
"ပြောငါ့ကိုဘာပြောမှာလဲ"

"ကိုမိုးပင်လယ်အမေက သူ့ဖုန်းကိုကိုင်ပါလို့ ကိုမိုးပင်လယ်ကိုပြောပေးပါတဲ့"

"နင်သွားပြောပါလားလို့...နင့်ကိုပြောခိုင်းတာလေ ဘာလို့ငါ့ကိုလာပြောခိုင်းနေတာလဲ"

ခေမီကသူနဲ့တည့်တည့်ရပ်နေတဲ့နွေဉီးကိုမျက်စောင်းတစ်ချက်ထိုးပြီး..
"ငါဒါကိုငါ့ပါးစပ်ကနေထုတ်မပြောချင်ပေမဲ့ ခုတော့ပြောရတော့မယ်...နင်နဲ့ကတွဲနေတဲ့ဆက်ဆံရေးမလို့လေ...ကိုမိုးပင်လယ်က အန်တီခေါ်သမျှဖုန်းတွေအကုန် Blockပစ်နေတာ...ငါပြောတာလဲမရဘူးလေ...အဲ့တော့ နင့်ကိုပြောခိုင်းလို့"

"ငါကရော ပြောပေးမယ်လို့နင်ကဘာလို့ထင်နေရတာလဲ...သူ့အမေဆီကဖုန်းလာရင်မိုးပင်လယ် မပျော်မရွှင်ဖြစ်ရတာကိုငါသိနေရဲ့သားနဲ့ ငါသူ့ကိုပြောမယ်ထင်နေသေးလား"

ခေမီက ဟန့် ခနဲ မဲ့ပြီး...
"နင်မို့လို့ကိုပြောပေးမယ်လို့ထင်တာ...မိုးပင်လယ်သူ့အမေနဲ့ ဖုန်းပြောပြီး မပျော်မရွှင်ဖြစ်ရတယ်ဆိုပေမဲ့ သူ့အမေကိုဘယ်လောက်ချစ်လဲနင်သိတယ်လေ...အဲ့ဒီတော့ နင်ပြောကိုပြောပေးမှာ"

ခေမီကစကားဆုံးဆုံးခြင်း မျက်ခုံးပင့်ပြလိုက်သေးတယ်...
"ပြောပေးလိုက်စမ်းပါနွေဉီးရာ..သားအမိ၂ယောက်ထဲရှိတာ ပြေပြလေည်လည်ရှိတော့ မကောင်းဘူးလား...နင်ပြောပေးလို့မိုးပင်လယ်ဖုန်းကိုင်လိုက်တော့ နင်လဲအမှတ်ရတာပေါ့"

?Daffodils[Complete]Where stories live. Discover now